Crime

  • Wed 13 Aug 2014 - 22:11
    အလှူမှကျွေးသော ဒံပေါက်နှင့် ရေခဲမုန့်များ စားမိပြီး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းမှ တရားစခန်းဝင်သူများ အပါအဝင် ကျေးရွာသူ ကျေးရွာ သား ၅၈ ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း နှလုံးလှလူမှုကူညီရေး အဖွဲ့အစည်းမှ သတင်းရရှိသည်။ ပဲခူးတိုင်း တောင်ကြီးကွဲ ကျေးရွာအတွင်းရှိ မိုးကုတ်ဝိပဿ နာ ဓမ္မရိပ်သာကျောင်းတွင် သြ ဂုတ် ၁၀ ရက် နံနက် ၁၁ နာရီခန့်က အလှူရှင်တစ်ဦးက ဒံပေါက်နှင့် ရေခဲမုန့်များ လာရောက်လှူဒါန်း ခဲ့၍ ကျောင်းရှိ တရားစခန်းဝင်သူ များနှင့် ကျေးရွာအတွင်းရှိ ဥပုသ် သည်များ စားသုံးခဲ့ခြင်းဖြစ်သည်။ စားသုံးမိသူ ၅၈ ဦးအနက် ၂၃ ဦးမှာ ပြင်းထန်စွာ အစာဆိပ်သင့်ကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး ၁၆ ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။
  • Wed 13 Aug 2014 - 22:10
     မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာဒေသခံမူးယစ် တိုက်ဖျက်ရေးအဖွဲ့သည် ဩဂုတ် ၁၂ ရက်က မူးယစ်ရောင်းသုံးစွဲသူ များအား  လိုက်လံဖမ်းဆီးရာ အချိန်နှစ်နာရီအတွင်း  မူးယစ် ဆေးဝါးရောင်းဝယ်သူ အသက် (၈)နှစ်အရွယ်ကလေးနှစ်ဦးအပါ အဝင် မူးယစ်ဆေးဝါးသုံးစွဲသူ ရဲဝန်ထမ်းတစ်ဦး၊ ကေအိုင်အေ စစ်သားတစ်ဦးနှင့် အခြားမူးယစ် သုံးစွဲသူခုနစ်ဦးတို့ကို   ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။ ကလေးနှစ်ဦးကိုမူ ဘိန်းဖြူ မှုန့်အသေးသုံးထုပ်နှင့်အတူ ဖမ်းဆီးမိခဲ့သည်။ ရဲဝန်ထမ်းတစ်ဦးကမူ ကာမိုင်းရဲစခန်းမှဖြစ်ပြီး ဆေးထိုးအပ်လက်ထိတ်များနှင့် အတူ ဖမ်းမိကြောင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သူဦးခေါင်ဒေါင်က ပြောသည်။ ယခုဖမ်းမိသည့် ကလေးနှစ် ဦး၏ မိဘများမှာလည်း ထောင်ထဲ တွင်ဖြစ်ကြောင်း သိရသည်။
  • Mon 11 Aug 2014 - 23:26
     မြောက်ဥက္ကလာပမြို့နယ်ရှိ Orange စူပါမားကက်တွင် သြဂုတ် ၁၀ ရက် ညဉ့်သန်းခေါင်ယံ၌ တစ်နာရီကျော်ကြာ မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။ စူပါမားကက်အဆောက်အအုံ မျက်နှာကြက်အတွင်းရှိ ၀ိုင်ယာကြိုးများအပူလွန်ကဲရာမှ မီးစတင် လောင်ခဲ့ခြင်းဖြစ်သည်။
  • Mon 11 Aug 2014 - 23:22
    Galaxy S5 ဖုန်းကိုင်ရန် ကျပ် ၈၇ သိန်းကျော်ခိုးပြီး အမှု လိမ်ဖွင့်ခဲ့သော ဆယ်ကျော်သက် လူငယ်တစ်ဦးကို အရေးယူထား ကြောင်း သတင်းရရှိသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်နေ အသက် (၁၅) နှစ်အရွယ် ရှိ လူငယ်တစ်ဦးသည် မိဘများ အိမ်တွင်မရှိခိုက် အိမ်ထဲတွင် သူ ငယ်ချင်းများနှင့် အရက်အတူတူ သောက်ခဲ့ပြီး ၎င်းမိခင်ပိုင်သော ခုနစ်ကျပ်သားကျော် ရွှေတုံးအ ပါအ၀င် ကျပ် ၈၇ သိန်းဖိုးခိုးကာ SAMSUNG GALAXY S5 လက် ကိုင်ဖုန်းတစ်လုံးဝယ်၍ သူငယ် ချင်းထံ ဖုန်းအပ်ထားကြောင်း သိရသည်။
  • Mon 11 Aug 2014 - 23:21
    အသက်ခုနစ်ဆယ် ကျော်အရွယ်အဘိုးကို မြေးက ဓားဖြင့်ခုတ်သတ်မှုဇီးကုန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၁ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအ သက်နှစ်ဆယ်အရွယ်မြေးဖြစ်သူ က ၎င်း၏အဖေနှင့်အဘိုးမှာအမွေ ကိစ္စနှင့် ပတ်သက်၍မကြာခဏ စကားများသဖြင့် အဘိုးဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည် ဟု ဇီးကုန်းမြို့နယ်ရဲစခန်းမှသ တင်းရရှိသည်။
  • Sun 10 Aug 2014 - 20:58
     ထောင်ဒဏ်များ ချမှတ် ခံနေရပြီး ဥပဒေအရ အကာအ ကွယ်မဲ့နေသော တောင်သူများအ ရေး အစိုးရ ကိုင်တွယ်ဖြေရှင်း ပေးရန်နှင့် တပ်မတော်က သိမ်း ဆည်းထားသော မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန် ကန့်ဘလူမြို့တွင် တောင်သူတစ်သောင်း ကျော် ဆန္ဒထုတ်ဖော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးနှင့် ရွှေဘိုမြို့များမှ တောင်သူလယ်သ မားသမဂ္ဂအဖွဲ့ဝင်များ စုပေါင်း ကာ အင်အားတစ်သောင်းဖြင့် သြဂုတ် ၁၃ ရက်တွင် ကန့်ဘလူ မြို့တွင်း လှည့်လည်ဆန္ဒထုတ် ဖော်ခွင့်ရရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်မည့် တောင်သူဦးဇော်ဝင်းမောင်က ပြောသည်။
  • Sun 10 Aug 2014 - 20:54
    ဇနီးသည်ရှိသော မန္တ လေးမြို့တွင် လာရောက်နေထိုင် သည့် တရုတ်နိုင်ငံသားမူးယစ် တရားခံပြေးတစ်ဦးကို သြဂုတ် ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။  တရုတ်နိုင်ငံကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပြည်သူ့လုံခြုံရေး ဌာနမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအ တွင်းက ဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် ပတ်သက်နေသည့် တရားခံပြေး တရုတ်အမျိုးသားတစ်ဦးသည် ဇနီးရှိရာ မန္တလေးမြို့သို့လာရောက်နေထိုင်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ   တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု  ဆိုသည်။
  • Sun 10 Aug 2014 - 20:47
    ကရင်ပြည်နယ်၊ မြ၀တီ မြို့တွင် ပါကစ္စတန်နိုင်ငံသား နှစ် ဦးကို တရားမ၀င်ဝင်ရောက်မှုဖြင့်  သြဂုတ် ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ အသက် (၄၄) နှစ်အရွယ်ရှိ Mr.Waheed Noorun နှင့် Mr. Riaz Muhammad တို့ကို မြန် မာအာဏာပိုင်များက သြဂုတ် ၈ ရက်နေ့လယ်ပိုင်းက ကရင်ပြည် နယ်၊ မြ၀တီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။
  • Sat 09 Aug 2014 - 21:28
    သိမ်းဆည်းခံမြေပြန်လည်ရရှိရန်သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်သပိတ်စခန်းမှ အမျိုးသမီးကြီးတစ်ဦးသည် ဆန္ဒပြ တောင်းဆိုသည့် ၁၃၈ ရက်ပြည့်နေ့တွင် သေဆုံးခဲ့ပြီး အခြားအမျိုးသမီးကြီးနှစ်ဦးကိုလည်း ကျန်းမာရေးအခြေအနေကြောင့် သပိတ်စခန်းမှပြန်ပို့ထားကြောင်း သတင်းရရှိသည်။ မြေယာပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုနေသော မိကျောင်း ကန်သပိတ်စခန်းမှ အသက် (၇၆) နှစ်အရွယ် ဒေါ်သောင်းညွန့်သည် သြဂုတ် ၈ ရက်ညနေ ၅ နာရီခွဲတွင် ကျန်းမာရေးရုတ်တရက်ဆိုးရွား၍ မြောက်ဥက္ကလာပမြို့နယ်ရှိဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။
  • Sat 09 Aug 2014 - 21:26
    ရန်ကုန်-မန္တလေးအမြန် လမ်းဘေးတွင် စိတ်မနှံ့သူအမျိုး သမီးတစ်ဦးအလောင်းကို ပလတ် စတစ်ဖြင့်ထုပ်လျက် စွန့်ပစ်ထား သည်ကိုတွေ့ရ၍ စုံစမ်းစစ်ဆေး နေကြောင်း ဘောနက်ကြီးအမြန် လမ်းရဲစခန်းမှ သတင်းရရှိသည်။ ပဲခူးတိုင်းဒေသကြီး ဘော နက်ကြီးနယ်မြေအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းဘေးတွင် ပလတ်စတစ်အကြည်ဖြင့်ထုပ်ထားသော အသက် (၄၅)နှစ်အရွယ်ခန့်ရှိ အမည်မသိအမျိုး သမီးအလောင်းကို သြဂုတ် ၆ ရက်နံနက်၌တွေ့ရှိခဲ့ခြင်းဖြစ်သည်။
  • Sat 09 Aug 2014 - 21:26
    ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တွင် အခြေချနေသည့် ဓားပြဗိုလ် ၏ ညီက မောင်တောမြို့ အလယ် သံကျော်ကျေးရွာအုပ်စုမှ ဘင်္ဂါလီ တစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးခေါ် ဆောင်သွားကြောင်း  သတင်းရရှိ သည်။  အလယ်သံကျော်ကျေးရွာ အုပ်စုမြင်းလွတ်ကျေးရွာမှ ဘင်္ဂါ လီအမျိုးသားကို သြဂုတ် ၇ ရက်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ငွေသားဖြင့် လာရွေးရန် မိသားစုဝင် များအား ခြိမ်းခြောက်ကာ ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း မောင်တောနယ်စပ်လုံခြုံရေးတာဝန်ယူထားသည့် အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးကပြောသည်။
  • Fri 08 Aug 2014 - 22:34
    ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုသော သေနတ်အစစ်နှင့် တူသည့် လေသေနတ်အလက် တစ်ရာကျော်ကို တာမွေမြို့နယ်ရှိ အမျိုးသားတစ်ဦးထံတွင်တွေ့ရ သဖြင့် လက်နက်ဥပဒေဖြင့်အရေး ယူထားကြောင်း  သတင်းရရှိ သည်။ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊  ဓမ္မဒါနလမ်းရှိအမျိုး သားတစ်ဦးအိမ်ရှိ သီးသန့်ခန်းနှင့် အိမ်ခေါင်းရင်းဂိုဒေါင်ထဲမှ သံ ကိုယ်ထည်၊ ဂက်စ်ဘူးဖြင့် သုံးရ သော လေသေနတ်အတို၊အရှည် စုစုပေါင်း ၁၀၅လက်၊ အသုံးပြု နည်းစာအုပ်များနှင့် ရွှေ၊ ငွေ၊သံ၊ ကော်စေ့နှင့် ဂက်စ်ဘူးများကိုသြ ဂုတ် ၇ရက် မွန်းလွဲတွင် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။
  • Fri 08 Aug 2014 - 22:33
    မလေးရှားနိုင်ငံ ပီနန်မြို့ တွင် ဈေးဝယ်ပြန်လာသော မြန်မာနိုင်ငံသားတစ်ဦးအား ဆိုင် ကယ်စီး အမျိုးသားလေးဦးက သတ်ဖြတ်သွားကြောင်း သတင်း ရရှိသည်။  သြဂုတ် ၇ ရက် နံနက်က မလေးရှားနိုင်ငံ၌ ဒုက္ခသည်ကတ် ကိုင်ဆောင်၍ နေထိုင်သော အသက် (၄၀)နှစ်အရွယ် မြန်မာ နိုင်ငံသားအား ဆိုင်ကယ်စီးအမျိုး သားလေးဦးက ဓား၊ သံချောင်း များဖြင့် ထိုးသွားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
  • Fri 08 Aug 2014 - 22:28
    မြောက်ဒဂုံတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားရှည်ဖြင့်ခုတ် သည့် အမျိုးသားအား တရားရုံးကထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးကြီးလင်းထွဋ်က ပြော သည်။   မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်၊ သင်းဝင်လမ်းဆုံ ၃၅ မှတ်တိုင်အနီးတွင်  ယာဉ်ထိန်း တပ်ဖွဲ့မှ နံပါတ်မပါသည့် ဆိုင် ကယ်တစ်စီးကို  ဖမ်းဆီးရာမကျေနပ်သဖြင့်  ထွက်ပြေးပြီး ဓားရှည်ကို ပြန်လည်ယူဆောင်ကာ ရဲအုပ်ကို ဓားဖြင့်ခုတ်လိုက်သောကြောင့်ပြစ်မှုဆိုင်ရာ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ပြီး တရားရုံးက သုံးလအကြာတွင် ယခုကဲ့သို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်  ချမှတ်လိုက်ခြင်းဖြစ်သည်။
  • Thu 07 Aug 2014 - 21:41
    ကောလင်းမြို့မှ ဘုရား တစ်ဆူ၏ စိန်ဖူးတော် ၁၀ နှစ် အတွင်း နှစ်ကြိမ်ခိုးခံရပြီး ယခု တစ်ကြိမ် စိန်ဖူးတော်ခိုးသူကို ခိုးရာပါပစ္စည်းများနှင့် အတူ ဖမ်း မိခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 07 Aug 2014 - 21:40
    ဗိုလ်ချုပ်ဈေးသစ် တည် ဆောက်ရေးလုပ်ငန်းခွင်တွင် မြေတူးယာဉ်လဲကျပြီး လုံခြုံရေး ဂိတ်တဲပေါ်ပိမိ၍ လုံခြုံရေးဝန်ထမ်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 07 Aug 2014 - 21:40
    မြန်မာနိုင်ငံတစ် ဝန်းတွင် ခုနစ်လအတွင်း လူကုန် ကူးမှု ၆၀ ဖြစ်ပွားခဲ့ပြီး တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေ ခြင်းသည် အခြားနိုင်ငံများထက်လေးဆပိုများကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
  • Thu 07 Aug 2014 - 21:39
    ပေါင်းတည်မြို့နယ်၊ မှတ် တိုင်အုပ်စုတွင် အသက်ဆယ့် လေးနှစ်အရွယ် န၀မတန်း ကျောင်းသားတစ်ဦးကို ချွန်ထက်သောအရာဖြင့် အချက်ပေါင်း များစွာထိုးသတ်ကာ အဆိုပါ ကလေး၏ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်ကို လုယက်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။
  • Mon 04 Aug 2014 - 23:16
     တောင်ဥက္ကလာပမြို့ နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းဆုံရာ မီးပွိုင့်တွင် ၇၉ ခရီးသည်တင်ဒိုင်နာတစ်စီးလမ်းချော် တိမ်းမှောက်ခဲ့ပြီးခရီးသည်ရှစ်ဦး မှာ မြောက်ဥက္ကလာပဆေးရုံအရေးပေါ်ဌာနသို့ တင်ပို့ထားရသည်။  ယခုလ ၄ရက် နံနက်ပိုင်း တွင် ပါရမီလမ်းမကြီးအတိုင်း မောင်းနှင်လာသော ၇၉ဒိုင်နာခရီး သည်တင်ယာဉ်သည် ဂန္ဓမာလမ်း နှင့် ဝေဇယန္တာလမ်းဆုံရာမီးပွိုင့်အ နီးအရောက်တွင်လမ်းပြောင်းပြန် မောင်းနှင်ရာမှ  တစ်ဖက်လမ်းဘေးသို့  ချော်ကာတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
  • Mon 04 Aug 2014 - 23:14
    ကျောက်ဖြူမြို့အနီးပင် လယ်ပြင်တွင် ငါးဖမ်းလုပ်သား၂၅  ဦးလိုက်ပါသွားသည့် သင်္ဘော တစ်စီးနစ်မြုပ်ကာ ခြောက်ဦးသာ ပြန်ကယ်နိုင်ခဲ့ပြီး ၁၉ဦးပျောက်ဆုံးနေကြောင်း ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ကျောက်ဖြူနှင့် ရမ်းဗြဲကျွန်း ကြားပင်လယ်ပြင်တွင် အဏ္ဏ၀ါ မင်းကုမ္ပဏီပိုင် အဏ္ဏ၀ါမင်းငါး ဖမ်းသင်္ဘောသြဂုတ် ၂ရက်ညနေ က နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။  သြဂုတ် ၄ရက်ညနေအထိ လူ ခြောက်ဦးသာပြန်တွေ့ခဲ့ပြီး ၁၉ဦး ပျောက်နေဆဲဖြစ်ကာ ပင်လယ် ပြင်တွင် လေရောမိုးပါပြင်းထန် နေကြောင်းကယ်ဆယ်ရေးအဖွဲ့ တွင်ပါဝင်ခဲ့သူ ငါးဖမ်းလုပ်သားတစ်ဦးက ပြောသည်။

Pages

Subscribe to Crime