Crime

  • Tue 11 Jun 2013 - 18:29
    မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ်၊ ပြင်သာကျေးရွာနေ အသက် (၁၀)နှစ်အရွယ် စောဂေမူးက အိမ်နီးချင်းနေ အသက်(၂)နှစ်အရွယ် ကလေးငယ်ကို နေအိမ်အောက်တွင် ခေါ်ထိန်းပေးနေစဉ် ၄င်းတို့အနီး ထောင်ထားသော ယမ်းအသင့်ထောင်းထည့်ထားသည့် လက်လုပ်တူမီးသေနတ်ကိုင်၍ ဆော့ကစားရာမှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည်။
  • Mon 03 Jun 2013 - 16:19
    သံပန်းသံတံခါးလုပ်ငန်း ဆောင်ရွက်နေသည့် အိမ်တွင် တပ်ဆင်ထားသော လုပ်ငန်းသုံးပါဝါမီတာမှ အပူလွန်ကဲပြီး ရှော့ခ်ဖြစ်ကာ  မေ ၃၁ ရက် ညသန်းခေါင်ယံအချိန်တွင် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။
  • Mon 03 Jun 2013 - 16:18
    ခုတင် ၂၀၀ ဆံ့ ခရိုင်ဆေးရုံတစ်ခု၏ အင်္ဂတေကြမ်းခင်းကျွံကျကာ တစ်လက်မခွဲခန့် နိမ့်ဆင်းသွား ပြီး ပေ ၄၀ ခန့် နံရံအက်ကွဲသွားသောကြောင့် အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ်ကာ လူနာများကို  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောသည်။
  • Sun 02 Jun 2013 - 19:01
    ထိုင်းနိုင်ငံသို့ တရားမ၀င်လူကုန်ကူးခံရသူက လူကုန်ကူးသူသုံးဦးအား မေ ၃၀ ရက်တွင် မြောက်ဥက္ကလာရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားသည်။ ၂၀၁၂ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူ စိုးသီဟအောင်နှင့်အတူ ၎င်း၏သူငယ်ချင်း ၂၀ဦးတို့ကို တစ်လမ်းတည်းနေသူ ဒေါ်သဲသဲဝင်း အပါအ၀င် အမျိုးသမီးသုံးဦးက ထိုင်းနိုင်ငံတွင
  • Sun 02 Jun 2013 - 19:00
    ငါးထောင်ကျပ်တန် ငွေစက္ကူအတု ရွက်ရေ ၅၀၀ခန့်ကို အသုံးပြုကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခိုင်းနွားများကို လိုက်လံဝယ်ယူနေသည့် အမျိုးသားနှစ်ဦးကို မေ ၃၀ ရက်တွင် မြို့နယ်သုံးခုမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
  • Sun 26 May 2013 - 17:10
    မေလ ၂၃ ရက်က မင်္ဂလာဒုံမြို့နယ်အတွင်း အငှားယာဉ်မောင်းက ကားပျက်သည်ဟုပြောကာ စီးလာသော သံဃာတော်များအား ကားဆင်းတွန်းခိုင်းရာမှ မောင်းပြေးသွားကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
  • Fri 24 May 2013 - 18:20
    ငါးကန်စောင့် အလုပ်သမားချင်း အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး၏ ဦးခေါင်းအား လုပ်ငန်းခွင်သုံးပျဉ်ပြားပိုင်းဖြင့်ရိုက်သတ်ကာ ငါးကန်အတွင်းရှိ ဒိုက်ပုံအောက် တွင် ၀ှက်ထားသည့်အမှုကို ဖော်ထုတ်၍ တရားခံဟုသံသယရှိသော အမျိုးသားကို မေ ၂၂ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
  • Wed 22 May 2013 - 17:02
    ကျောက်တန်းမြို့နယ်၊ တိုးတက်ရေးကွင်း၊ တမံကြီးကုန်းကျေးရွာအတွင်း မေလ ၁ရက်က လယ်ထွန်စက်မောင်းနှင်နေစဉ် တိမ်းမှောက်ပြီး ထယ်သွားဖြင့်ကြိတ်မိသဖြင့် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
  • Tue 21 May 2013 - 16:53
    လမ်းဘေးမြေစာပုံအား ခွေးများယက်ရာမှ ပုပ်ပွနေသော လူသေအလောင်းပေါ်လာပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မှော်ဘီမြို့နယ်ရဲစခန်း ရဲမှူးဝင်းမြင့်က မေ ၂၀ ရက်တွင် ပြောသည်။
  • Tue 21 May 2013 - 16:51
    တွံတေးမြို့နယ် နတ်စင်ချောင်းရွာရှိ ငါးကန်၌ ယခုလအတွင်း ငါးလုပ်သားနှစ်ဦး အကြွေးတောင်းရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။
  • Mon 20 May 2013 - 14:40
    ကွမ်းယာဆိုင်တွင်ထိုင်နေသောအမျိုးသားတစ်ဦးရှိရာသို့ ဆိုင်ကယ်နှင့် လိုက်ထရပ်ကားတစ်စီး ရောက်လာပြီး လူ ၁၀ ဦးခန့်က တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်မှု မေလ ၁၆ ရက်က လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 
  • Mon 20 May 2013 - 14:39
    စိတ်ကစဥ့်ကရဲရောဂါသည်ခင်ပွန်းက အိမ်ခွဲနေသောဇနီးသည်အား ဓားဖြင့်ထိုးသတ်ကာ မိမိကိုယ်ကိုဓားဖြင့်ထိုးကာ နေရာ၌ပင် မေ့လဲနေကြောင်း သတင်းရရှိသည်။
  • Mon 20 May 2013 - 13:10
    လယ်ထွန်နေသော လယ်သမား အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ညိုမဲကာ သေဆုံးသွားကြောင်းသတင်းရရှိသည်။
  • Fri 17 May 2013 - 18:15
    ကျောက်တံတားမြို့နယ်တွင် မေလ ၁၄ ရက်က စည်ပင်ဝန်ထမ်းများနှင့် စည်ပင်ပိုင်ကားနှစ်စီးကို  ရိုက်နှက်ခဲ့သည့် လမ်းဘေးဈေးသည်များအား  ဖမ်းဆီးနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ပြစ်မှုနှစ်ခု၊ ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
  • Thu 16 May 2013 - 17:18
    ရန်ကုန်တိုင်းအတွင်းရှိ တောစခန်းတစ်ခုအနီးတွင် တောဆင်ရိုင်းတစ်ကောင်ကိုသတ်ကာ ဆင်စွယ်၊ လိင်အင်္ဂါနှင့် လျှာတို့အား ဖြတ်ယူသွားသော လူတစ်စုအား မေ၁၃ရက်က တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ 
  • Thu 16 May 2013 - 17:17
    ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ပွင့်လှသိမ်ကုန်းရပ်ရှိ ပုညရှင်စေတီ ဓမ္မာရုံကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အား လူငယ်တစ်ဦးက ကျောင်းတွင်းသို့ ၀င်ရောက်၍ ဓားဖြင့်ထိုးခဲ့သဖြင့် ပြည်ဆေးရုံကြီး ခွဲစိတ်ကုသဆောင်၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း ပြည်မြို့အမှတ် (၂) ရဲစခန်းမှ သတင်းရရှိသည်။
  • Tue 14 May 2013 - 15:30
    မင်္ဂလာဆောင်တော့မည့် ရည်းစားဟောင်းကို မကျေနပ်၍ ထိုမိန်းကလေးအိမ်ရှေ့တွင် ဆဲဆိုနေသူများကို တားဆီးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၀ိုင်းဝန်းထိုးကြိတ်ခံရကြောင်း သတင်းရရှိသည်။
  • Mon 13 May 2013 - 17:50
    ကျောက်တန်းမြို့နယ်အတွင်း မြို့နယ်တောင်သူလယ်သမားသမဂ္ဂရုံးမှ နေအိမ်သို့ပြန်လာသော အသက် ၄၀ကျော်အမျိုးသမီးအား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။
  • Mon 13 May 2013 - 17:47
    ဥက္ကံမြို့ အကြမ်းဖက်မှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသော ဇော်ဇော်နိုင်အားသတ်သော တရားခံဟု ယူဆသူတစ်ဦးကို မေလ ၁၁ရက်တွင်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
  • Mon 13 May 2013 - 17:45
    မေလ ၁၀ ရက် နံနက် ၁၀နာရီခန့်က သီပေါမြို့၊ မြို့လယ်ရပ်ရှိနေအိမ်တစ်အိမ်တွင် ကာလတန်ဖိုး ကျပ်နှစ်သိန်းရှစ်သောင်းဖိုးခန့်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ရာ တရားခံခုနစ်ဦးထဲတွင် တပ်မတော်သားတစ်ဦး ပါဝင်ကြောင်း သီပေါမြို့နယ်ရဲစခန်းက အတည်ပြု ပြောကြားသည်။

Pages

Subscribe to Crime