Crime

  • Wed 22 Mar 2017 - 22:35
     ကရင်ပြည်နယ် ဘားအံ မြို့ ဖားပုကျုံပိုက်ရွာတွင် မြေ ထိန်းနံရံပြုလုပ်နေစဉ် မြေပြိုကျခဲ့သဖြင့် အမျိုးသားသုံးဦး သေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းနေရာတွင် ဆောက် လုပ်ရေးပစ္စည်းအချို့ ထားရှိပြီး မတ်လ ၂၂ ရက် မွန်းလွဲ ၃နာရီ ခန့်က မြေပြိုကျကြောင်း မြိုင်က လေးပေးဆပ်သူ လူမှုကယ်ဆယ် ရေးအဖွဲ့မှ ကိုနေလင်းအောင်က ပြောသည်။
  • Wed 22 Mar 2017 - 22:34
     ကန့်ဘလူဘူတာနှင့် ကျွန်းလှဘူတာကြား လိထ္ထူကျေး ရွာအနီးတွင် မတ်လ ၂၂ ရက် နံနက် ၄ နာရီက မန္တလေး-မြစ်ကြီးနား အမှတ်(၄၁) အဆန်ရထား ခုတ်မောင်းနေစဉ် မောင်းသူ အိပ်ပျော်ရာမှ နှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။  မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၃မိုင် တစ်ဖာလုံကျော်တွင် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာလာသည့် ၄၂ အစုန်ခရီးသည်တင်ရထားနှင့် မန္တလေးမှ ထွက်ခွာလာသည့် ၄၁ အဆန်ခရီးသည်တင်ရထားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သော်လည်း ခရီးသည်များနှင့် မောင်းနှင်သူများ ထိခိုက်ဒဏ်ရာ မရကြောင်း မန္တလေး ဘူတာကြီး မှ သိရသည်။
  • Tue 21 Mar 2017 - 19:04
     မူးယစ်ဆေးဝါးမှု ကွင်း ဆက်တရားခံတစ်ဦး၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာမှ စိတ် ကြွဆေးပြားများအပြင် ဓားလက် နက်များ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။  ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ (၆၇)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၃)နှစ်အရွယ် ကုလားမ (ခ)မိုးမိုး(ခ)မိုးအေး၏နေအိမ်သို့ မတ်လ ၂၀ ရက် ညနေ ၆ နာရီခွဲ ခန့်က ဝင်ရောက်ရှာဖွေရာ အ သက်(၂၈)နှစ်အရွယ် အောင်သူရ ကို လေးခွတစ်လက်၊ ကုံးသီးလေး လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
  • Tue 21 Mar 2017 - 19:04
     တောင်ဒဂုံမြို့နယ် အ မှတ်(၁၄၀)ရပ်ကွက်အုပ်ချုပ်ရေး မှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် ညီအစ်ကိုနှစ်ဦးအား ထောင်ဒဏ် နှစ်ရှည် အသီးသီးချမှတ်ခဲ့ပြီး ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲခံရ သည့် အမျိုးသားတစ်ဦးအား တရားသေ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် (၂၇)နှစ်အရွယ် ကျော်လင်းနိုင်(ခ)ဂျပန်ကြီး(ခ)ကျော်ကျော်အား ပုဒ်မ ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ ၎င်း၏အစ်ကို (၃၂)နှစ်အရွယ် ဘိုးလင်း(ခ)ဝေ လင်း(ခ)အောင်ကိုလင်းအား ပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် တွဲဖက်ခရိုင် တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။
  • Mon 20 Mar 2017 - 23:42
    လှိုင်သာယာမြို့နယ် အတွင်း တပ်မတော်အရာရှိအ ယောင်ဆောင်ကာ ငွေကြေးကိစ္စ များ လိုက်လံဖြေရှင်းနေသူတစ်ဦးကို တပ်မတော်သားအသုံးအဆောင်ပစ္စည်း၊ ပစ္စတိုလေသေ နတ်တစ်လက်၊ WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည်။ လှိုင်သာယာမြို့နယ် (၁၆) ရပ်ကွက်၊ ၁၆ ကွေ့တွင် မတ်လ တတိယပတ်အတွင်း တပ်မတော် သားအယောင်ဆောင် အသက် (၃၀)အရွယ် အမျိုးသားကို ခေါ်ယူစစ်ဆေးရာ Senter အမျိုးအစား စကားပြောစက်တစ်လုံးနှင့် ကျောပိုးအိတ်အတွင်းရှိ WY ဆေးပြား ၁၅၉ ပြားအပြင် မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့်ပစ္စည်း များ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ် ဦးက ပြောသည်။
  • Mon 20 Mar 2017 - 23:41
    အလုံမြို့နယ် ကမ်းနား လမ်းရှိ အမှတ်(၂) ပရိဘောဂစက်ရုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၈၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Mon 20 Mar 2017 - 23:41
     နေပြည်တော် အမြန် လမ်းတွင် ဘားအံ-မန္တလေး ပြေး ဆွဲသည့် မန်းရွှေမြို့တော် ခရီး သည်တင်ယာဉ်သည် မောင်းနှင် နေစဉ် မီးလောင်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
  • Sun 19 Mar 2017 - 23:01
     မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ရှိ ရေဆိုးထုတ်ကန်ကို သန့်ရှင်းရေးပြုလုပ်နေ စဉ် အောက်ဆီဂျင်ပြတ်ကာ အလုပ်သမားနှစ်ဦး သေဆုံးခဲ့သည်။ မြင်းခြံ-ပုဂံညောင်ဦး လမ်း ဆုံရှိ GALAXY စားသောက်ဆိုင် နောက်ဖေး၌ အလျား ၆ ပေ ၊ အနက် ၇ ပေရှိ ရေကန် ရေပြည့် ပြီး နွံများနေမှုကြောင့် ဆိုင်ဝန် ထမ်းငါးဦးက ဆယ်ယူခဲ့ရာမှ အ  သက်ရှူကျပ်၍ ဆေးရုံသို့တင်ပို့ခဲ့ ရသည်။ မတ်လ ၁၉ ရက် နံနက်၁ နာရီခန့်တွင် နှစ်ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
  • Sun 19 Mar 2017 - 23:00
     စိတ်ကြွဆေးပြားများနှင့် ကျောက်စိမ်းအချောထည်များကို ကားဖြင့် သယ်ဆောင်လာသူတစ် ဦးအား တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ် နယ်စပ်စစ်ဆေး ရေးဂိတ်တစ်ခုက ဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။ မွန်ပြည်နယ် ရေးမြို့မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့သို့သွားမည့် ကားတစ်စီးကို မတ်လ ၁၈ ရက်တွင် ထားဝယ် ခရိုင်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေး ရာ စိတ်ကြွဆေးပြား (၄၀,၀၀၀ ခန့်) ၃၇,၀၅၀ ပြားနှင့် ကျောက်စိမ်းအချောထည် အခု ၄၀ ကို တွေ့ရှိ၍ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးကပြောသည်။ ထို့ပြင် ငွေလွှဲထားသော စာရွက်စာတမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့ပြီး အမှုကွင်းဆက်အဖြစ် နောက်ထပ် အမျိုးသား နှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း ၎င်းကပြောသည်။
  • Sun 19 Mar 2017 - 22:28
    မုံရွာမြို့ ထန်းတောအောင် ရတနာရပ်ကွက်တွင် ဆိုင်ကယ် ကို မီးရှို့ခဲ့သော သားအား ဖခင်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။ မုံရွာမြို့ ထန်းတောအောင်ရ တနာရပ်ကွက်နေ အသက်(၇၂)နှစ်အရွယ် အမျိုးသား၏ နေအိမ်တွင် အသက်(၃၀)အရွယ် သားဖြစ်သူက မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အရက်သောက်၍ ဆိုင်ကယ်ကို မီးရှို့ခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မျိုးထွန်းကပြောသည်။
  • Sun 19 Mar 2017 - 22:26
     တောင်ဒဂုံမြို့နယ်တွင် နေအိမ်အလုံးလိုက် ခိုးသူကို ဖမ်း မိပြီဖြစ်သည်။  ဉာဏ်ထွန်းဟုဆိုသူက အဆိုပါအိမ်ကို ၎င်း၏အိမ်ဟု လိမ်လည်ပြီး အွန်လိုင်းမှ ကျပ် ၁၂ သိန်းဖြင့် ရောင်းခဲ့ပြီး ဝယ်သူက ကျပ် ၁၀ သိန်းပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ဝယ်သူကပင် ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။ သူ၏အိမ်ဆိုကာ လိမ်လည်၍ လက်ညှိုးထိုး ရောင်းချခဲ့သူ သော အသက်(၃၃)နှစ်အရွယ် ဉာဏ်ထွန်း (ခ) ကုလားပုဆိုသူဖြစ်ပြီး ၎င်းကို မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်က သာကေတ မြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Sat 18 Mar 2017 - 23:17
    ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် (၈၅)ရပ်ကွက် ကျန်စစ် သားလမ်းဘေးတွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုး သားအလောင်းကို တွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ သံသယရှိသည့် အမျိုးသားကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ဓားဒဏ်ရာများဖြင့် သေဆုံး ခဲ့သည့် အမျိုးသားသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ  အသက်(၂၄)နှစ်အရွယ် ကျော်ကျော်နိုင်ဖြစ်ပြီး ဓားဒဏ်ရာ ၁၃ ချက်ဖြင့် မတ်လ ၁၅ ရက် နံနက် ၈ နာရီကျော်က ၎င်း၏အလောင်းကို တွေ့ရှိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောကြားသည်။
  • Sat 18 Mar 2017 - 23:16
    မန္တလေးအိုးဘိုအကျဉ်း ထောင်တွင် နှစ်ရှည်ကျခံနေသော အကျဉ်းသားသုံးဦး ထွက်ပြေးခဲ့ သည့် အုတ်ရိုးတံခါး သံတိုင်ဂဟေ ဆော်စဉ် ဝိုင်ယာကြိုးပေါက်ကို ထိမိ၍ အကျဉ်းသားတစ်ဦး မတ်လ ၁၅ ရက်က ဓာတ်လိုက် သေဆုံးခဲ့ကြောင်း အကျဉ်းဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြော သည်။
  • Sat 18 Mar 2017 - 23:15
    လမ်းဘေးတွင် ထိုင်ပြီး စကားပြောနေသော စုံတွဲများထံ မှ လုယက်မှုများ ကျူးလွန်ထား ပြီး မြို့နယ်သုံးခုရှိ နေအိမ်များကို ဖောက်ထွင်းခဲ့သည့် အမျိုးသား လေးဦးကို မတ်လ ပထမပတ်က ဖမ်းမိခဲ့သည်။ လုယက်မှုနှင့်ခိုးမှုများ ကျူး လွန်ထားသည့် အသေးလေး (ခ) ဖြိုးသက်ပိုင်၊ အထစ် (ခ) ဝေယံ ဦး၊ ညီချေ (ခ) နေစိုးလင်းနှင့် ဘောကြီး (ခ) ငြိမ်းချမ်းအောင်တို့ လေးဦးကို လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက်၌ ဖမ်းမိခဲ့ပြီး ၂၀၁၇ဖေဖော်ဝါရီအတွင်း စုံတွဲများထံမှ လုယက်မှု ကျူးလွန်ခြင်းများ စတင်ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Sat 18 Mar 2017 - 23:14
    အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို အမျိုးသားသုံးဦးက တစ်ပတ်ခန့် ဖမ်းဆီးထားပြီး အဓမ္မပြုကျင့်မှု မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ သည်။ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးသည် မတ်လ ၉ ရက်က နေအိမ်မှ အလုပ်သို့အသွားတွင် အချိန်မမီသဖြင့် သူငယ်ချင်းကို ဖုန်းဆက်၍ လာခေါ်ရန် အကြောင်းကြားရာမှ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားနှင့် တွေ့ဆုံခဲ့ကြောင်း မြိတ်မြို့နယ်ရဲစခန်းမှရဲအရာရှိတစ်ဦးကပြောသည်။
  • Fri 17 Mar 2017 - 23:28
    အလှူသို့ သွား ရောက်သည့် စက်လှေတစ်စီး သည် ကျောက်ဖြူမြို့နယ် ဓည၀တီ ရေတပ်စခန်းဌာနချုပ်အနီး ပင် လယ်ပြင်တွင် ယမန်နေ့က စက် လှေအင်ဂျင်မီးလောင်ကျွမ်းရာ လှေပေါ်ပါသူ ၁၅ ဦးအနက် အမျိုးသမီးလေးဦးနှင့် ကလေး ငယ်နှစ်ဦး စုစုပေါင်းခြောက်ဦး ရေနစ်သေဆုံးခဲ့သည်။  အဆိုပါစက်လှေသည် ကျောက်ဖြူမြို့မှ ဦးကင်းအုပ်စု ကာလာဘာတောင်ကျေးရွာအ လှူပွဲသို့သွားစဉ် မတ်လ ၁၇ ရက် နေ့လယ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စက်လှေပေါ်တွင် ကလေးငယ်နှစ်ဦး အပါအ၀င် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးရှစ် ဦးပါဝင်ခဲ့ကာ သေဆုံးသူများ၏ ရုပ်အလောင်းကို ဆယ်ယူရရှိ ထားပြီဖြစ်ကြောင်း ရေယာဉ်နစ် မြုပ်မှု ဖြစ်ပွားသည့်နေရာသို့ ရောက်ရှိခဲ့သည့် ကျောက်ဖြူမြို့ခံ ဦးစောမိုးကျော်က ပြောသည်။
  • Wed 15 Mar 2017 - 22:34
    ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျန်စစ်သား ကားလမ်းမဘေးတွင် ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသည့် အ မျိုးသားတစ်ဦး၏ အလောင်းကို မတ်လ ၁၅ ရက် နံနက် ၈ နာရီ ခွဲက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Wed 15 Mar 2017 - 22:33
    အသက် (၁၉) နှစ်အ ရွယ် အမျိုးသားတစ်ဦး ညအချိန် အိမ်ပြန်လာရာ ခြောက်လွှာရှိ ၎င်း၏ နေအိမ်တိုက်ခန်း အရှေ့ တံခါးပိတ်ထား၍ တိုက်အနောက် ဘက်လှေကားမှ တက်ရောက်စဉ် ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
  • Wed 15 Mar 2017 - 22:31
     ရန်ကုန်တိုင်းဒေသကြီး အတွင်း မတ်လ ၁၅ ရက်တွင် မီးလောင်မှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး သန်လျင်မြို့၌ ဖြစ်ပွားသည့် မီး လောင်မှုတွင် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်း ရရှိသည်။ သန်လျင်မြို့နယ် အောင် ချမ်းသာရပ်ကွက်တွင် မတ်လ ၁၅ ရက် နံနက် ၄ နာရီ၌ စန္ဒဂုဏ် ရည်ကျောင်းတိုက်တွင် အဲကွန်း Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်ခဲ့ပြီး ယင်းမီးလောင်မှုကြောင့် ကျောင်းထိုင်ဆရာတော် မီးခိုးမွှန်၍ ပျံလွန်တော်မူခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
  • Wed 15 Mar 2017 - 22:29
    မင်္ဂလာဈေးအနီး ကြော် ငြာဆိုင်းဘုတ် တက်ရောက်ပြုပြင် သည့် အလုပ်သမားတစ်ဦး မီးသီး ဖြုတ်ရာမှ ပြုတ်ကျကာ အနီးရှိ ဓာတ်အားလိုင်းနှင့်ထိမိပြီး ဓာတ် လိုက်သေဆုံးခဲ့ကြောင်း မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

Pages

Subscribe to Crime