Crime

  • Sun 26 Mar 2017 - 22:26
    ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ၀င်လာသည့် ဟိုင်းလတ်အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာမှ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးကို ပစ္စတိုသေနတ် သုံးလက်၊ ကျည်ဆန်များနှင့်အတူ ဖမ်းမိခဲ့သည်။
  • Sun 26 Mar 2017 - 22:25
     မောင်တောခရိုင် ဘူးသီးတောင်မြို့ မြို့မရပ်ကွက် နေ ဘင်္ဂါလီတစ်ဦးသည် မီးကျောင်းခေါင်းဆွဲ ကျေးရွာရှိ ယောက္ခမ၏နေအိမ်သို့ သွားရောက်ရာမှ နေအိမ်သို့ ပြန်မ ရောက်ဘဲ ပျောက်ဆုံးနေသည်။ ပျောက်ဆုံးနေသူသည် အ သက်(၅၃)နှစ်အရွယ် ရှီဗလီ(ခေါ်) နော်ဘီဟူဆောင်းဖြစ်ပြီး နေအိမ်မှ ယောက္ခမရှိရာ မီးကျောင်း ခေါင်းဆွဲကျေးရွာသို့ မတ်လ ၂၁ ရက်က ထွက်ခွာသွားသည်။
  • Sun 26 Mar 2017 - 22:24
    လှိုင်သာယာမြို့နယ်ရှိ ၀န်ထမ်းကြီးများ အိမ်ရာဝင်းအ တွင်း စုံတွဲတစ်တွဲကို ဓားထောက်ကာ လက်ကိုင်ဖုန်းများ လုယက်သည့် အမျိုးသားလေးဦးကို စစ် ဆေးရာမှ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်ရှိ ၀န်ထမ်းကြီးများအိမ် ရာဝင်းအတွင်း စကားပြောနေ သည့် စုံတွဲထံမှ လက်ကိုင်ဖုန်းများကို ဓားထောက်လုယက်သူ လေးဦးကို မတ်လတတိယပတ်တွင် ဖမ်းမိခဲ့ပြီး ၎င်းတို့ကို ဆက်လက်စစ်ဆေးရာမှ အခြားလုယက်မှုလေးမှု ထပ်မံပေါ်ပေါက်ခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး မှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Sat 25 Mar 2017 - 22:01
     ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ အောက်ဘလောက်၌ ဖွင့်လှစ်ထားသည့် New Wave Service ကုမ္ပဏီရုံးခန်းတွင် ဖြစ် ပွားသည့် မျက်နှာဖုံးစွပ်လူနှစ်ဦး က အနုကြမ်းစီးမှု၌ ပြစ်မှုကျူး လွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သတင်းရရှိ သည်။
  • Fri 24 Mar 2017 - 22:01
     တာမွေမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံး၌ ကြိုးဆွဲ ချသေဆုံးခဲ့သည့် မြို့နယ်ဒုတိယ ဦးစီးမှူး အမှုသည် ဆေးစစ်စာ မထွက်သေး၍ ပုဒ်မပြောင်းလဲ ဖွင့်လှစ်ထားခြင်းမရှိသေးဘဲ မူလ အတိုင်း သေမှုသေခင်းအဖြစ်သာ ဖွင့်လှစ်ထားသည်။
  • Thu 23 Mar 2017 - 22:42
    လမ်းမတော်မြို့နယ် (၆) ရပ်ကွက်အတွင်း ဖွင့်လှစ်ထား သည့် ကေတီဗီဆိုင်တစ်ခု၌ အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးနေ ကြောင်း သတင်းရရှိသည်။  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုဟံစိုးအိမ်သည် မတ်လ ၂၃ ရက် နံနက် ၃ နာရီ ကျော်တွင် လမ်းမတော်ရှိ ကေတီဗီဆိုင်သို့ သူငယ်ချင်းများနှင့်အတူ သွားရောက်ခဲ့ကြောင်း လမ်းမတော်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။
  • Thu 23 Mar 2017 - 22:41
    ဒဂုံမြို့နယ် ဦးဝိစာရ လမ်းအနီးရှိ အိုလံပစ်ဟိုတယ်တွင် တည်းခိုသည့် အမျိုးသားက အခန်းပြန်အပ်သဖြင့် အခန်းတွင်း သန့်ရှင်းရေးဆောင်ရွက်စဉ် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ဆန်အချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 23 Mar 2017 - 22:40
     မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၆၂/၃)လမ်းဘေးတံတားအောက်ရှိ ရေမြောင်းအတွင်း ပုပ်ပွနေသည့် အမျိုးသမီးတစ်ဦး အလောင်းကို မတ်လ ၂၃ ရက် နံနက် ၇ နာရီက တွေ့ရှိခဲ့သည်။
  • Wed 22 Mar 2017 - 22:39
    သန်လျင်မြို့မရဲစခန်း တွင် ခြောက်လခြေချုပ်ခံဝန်လက် မှတ်ထိုးခဲ့ဖူးသူ အမျိုးသားတစ်ဦး သည် အရက်မူးပြီး ဓားကိုင်ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် လေးချက်ပစ်ခတ်ဖမ်းဆီးခဲ့သည်။ သန်လျင်မြို့နယ် ကွမ်းခြံ ကုန်းကျေးရွာတွင် နေထိုင်သည့် အသက်(၂၆)နှစ်အရွယ် အောင် ထွန်းလင်း(ခ)၀တုတ်သည် မတ် လ ၂၂ရက် ညနေ ၄နာရီခန့်က အရက်သေစာ သောက်စားပြီး စတီးဓားပြားနှစ်ချောင်းကို ကိုင်ကာ ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းရာမှစတင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ် ဦးက ဆိုသည်။
  • Wed 22 Mar 2017 - 22:38
     ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရားမ၀င်သစ်ခိုးထုတ်နေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးလျက်ရှိရာ ဇန်န၀ါရီနှင့် မတ်လအတွင်း သစ်တန်ချိန် ၂,၂၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
  • Wed 22 Mar 2017 - 22:35
     ကရင်ပြည်နယ် ဘားအံ မြို့ ဖားပုကျုံပိုက်ရွာတွင် မြေ ထိန်းနံရံပြုလုပ်နေစဉ် မြေပြိုကျခဲ့သဖြင့် အမျိုးသားသုံးဦး သေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းနေရာတွင် ဆောက် လုပ်ရေးပစ္စည်းအချို့ ထားရှိပြီး မတ်လ ၂၂ ရက် မွန်းလွဲ ၃နာရီ ခန့်က မြေပြိုကျကြောင်း မြိုင်က လေးပေးဆပ်သူ လူမှုကယ်ဆယ် ရေးအဖွဲ့မှ ကိုနေလင်းအောင်က ပြောသည်။
  • Wed 22 Mar 2017 - 22:34
     ကန့်ဘလူဘူတာနှင့် ကျွန်းလှဘူတာကြား လိထ္ထူကျေး ရွာအနီးတွင် မတ်လ ၂၂ ရက် နံနက် ၄ နာရီက မန္တလေး-မြစ်ကြီးနား အမှတ်(၄၁) အဆန်ရထား ခုတ်မောင်းနေစဉ် မောင်းသူ အိပ်ပျော်ရာမှ နှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။  မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၃မိုင် တစ်ဖာလုံကျော်တွင် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာလာသည့် ၄၂ အစုန်ခရီးသည်တင်ရထားနှင့် မန္တလေးမှ ထွက်ခွာလာသည့် ၄၁ အဆန်ခရီးသည်တင်ရထားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သော်လည်း ခရီးသည်များနှင့် မောင်းနှင်သူများ ထိခိုက်ဒဏ်ရာ မရကြောင်း မန္တလေး ဘူတာကြီး မှ သိရသည်။
  • Tue 21 Mar 2017 - 19:04
     မူးယစ်ဆေးဝါးမှု ကွင်း ဆက်တရားခံတစ်ဦး၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာမှ စိတ် ကြွဆေးပြားများအပြင် ဓားလက် နက်များ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။  ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ (၆၇)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၃)နှစ်အရွယ် ကုလားမ (ခ)မိုးမိုး(ခ)မိုးအေး၏နေအိမ်သို့ မတ်လ ၂၀ ရက် ညနေ ၆ နာရီခွဲ ခန့်က ဝင်ရောက်ရှာဖွေရာ အ သက်(၂၈)နှစ်အရွယ် အောင်သူရ ကို လေးခွတစ်လက်၊ ကုံးသီးလေး လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
  • Tue 21 Mar 2017 - 19:04
     တောင်ဒဂုံမြို့နယ် အ မှတ်(၁၄၀)ရပ်ကွက်အုပ်ချုပ်ရေး မှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် ညီအစ်ကိုနှစ်ဦးအား ထောင်ဒဏ် နှစ်ရှည် အသီးသီးချမှတ်ခဲ့ပြီး ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲခံရ သည့် အမျိုးသားတစ်ဦးအား တရားသေ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် (၂၇)နှစ်အရွယ် ကျော်လင်းနိုင်(ခ)ဂျပန်ကြီး(ခ)ကျော်ကျော်အား ပုဒ်မ ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ ၎င်း၏အစ်ကို (၃၂)နှစ်အရွယ် ဘိုးလင်း(ခ)ဝေ လင်း(ခ)အောင်ကိုလင်းအား ပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် တွဲဖက်ခရိုင် တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။
  • Mon 20 Mar 2017 - 23:42
    လှိုင်သာယာမြို့နယ် အတွင်း တပ်မတော်အရာရှိအ ယောင်ဆောင်ကာ ငွေကြေးကိစ္စ များ လိုက်လံဖြေရှင်းနေသူတစ်ဦးကို တပ်မတော်သားအသုံးအဆောင်ပစ္စည်း၊ ပစ္စတိုလေသေ နတ်တစ်လက်၊ WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည်။ လှိုင်သာယာမြို့နယ် (၁၆) ရပ်ကွက်၊ ၁၆ ကွေ့တွင် မတ်လ တတိယပတ်အတွင်း တပ်မတော် သားအယောင်ဆောင် အသက် (၃၀)အရွယ် အမျိုးသားကို ခေါ်ယူစစ်ဆေးရာ Senter အမျိုးအစား စကားပြောစက်တစ်လုံးနှင့် ကျောပိုးအိတ်အတွင်းရှိ WY ဆေးပြား ၁၅၉ ပြားအပြင် မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့်ပစ္စည်း များ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ် ဦးက ပြောသည်။
  • Mon 20 Mar 2017 - 23:41
    အလုံမြို့နယ် ကမ်းနား လမ်းရှိ အမှတ်(၂) ပရိဘောဂစက်ရုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၈၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Mon 20 Mar 2017 - 23:41
     နေပြည်တော် အမြန် လမ်းတွင် ဘားအံ-မန္တလေး ပြေး ဆွဲသည့် မန်းရွှေမြို့တော် ခရီး သည်တင်ယာဉ်သည် မောင်းနှင် နေစဉ် မီးလောင်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
  • Sun 19 Mar 2017 - 23:01
     မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ရှိ ရေဆိုးထုတ်ကန်ကို သန့်ရှင်းရေးပြုလုပ်နေ စဉ် အောက်ဆီဂျင်ပြတ်ကာ အလုပ်သမားနှစ်ဦး သေဆုံးခဲ့သည်။ မြင်းခြံ-ပုဂံညောင်ဦး လမ်း ဆုံရှိ GALAXY စားသောက်ဆိုင် နောက်ဖေး၌ အလျား ၆ ပေ ၊ အနက် ၇ ပေရှိ ရေကန် ရေပြည့် ပြီး နွံများနေမှုကြောင့် ဆိုင်ဝန် ထမ်းငါးဦးက ဆယ်ယူခဲ့ရာမှ အ  သက်ရှူကျပ်၍ ဆေးရုံသို့တင်ပို့ခဲ့ ရသည်။ မတ်လ ၁၉ ရက် နံနက်၁ နာရီခန့်တွင် နှစ်ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
  • Sun 19 Mar 2017 - 23:00
     စိတ်ကြွဆေးပြားများနှင့် ကျောက်စိမ်းအချောထည်များကို ကားဖြင့် သယ်ဆောင်လာသူတစ် ဦးအား တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ် နယ်စပ်စစ်ဆေး ရေးဂိတ်တစ်ခုက ဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။ မွန်ပြည်နယ် ရေးမြို့မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့သို့သွားမည့် ကားတစ်စီးကို မတ်လ ၁၈ ရက်တွင် ထားဝယ် ခရိုင်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေး ရာ စိတ်ကြွဆေးပြား (၄၀,၀၀၀ ခန့်) ၃၇,၀၅၀ ပြားနှင့် ကျောက်စိမ်းအချောထည် အခု ၄၀ ကို တွေ့ရှိ၍ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးကပြောသည်။ ထို့ပြင် ငွေလွှဲထားသော စာရွက်စာတမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့ပြီး အမှုကွင်းဆက်အဖြစ် နောက်ထပ် အမျိုးသား နှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း ၎င်းကပြောသည်။
  • Sun 19 Mar 2017 - 22:28
    မုံရွာမြို့ ထန်းတောအောင် ရတနာရပ်ကွက်တွင် ဆိုင်ကယ် ကို မီးရှို့ခဲ့သော သားအား ဖခင်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။ မုံရွာမြို့ ထန်းတောအောင်ရ တနာရပ်ကွက်နေ အသက်(၇၂)နှစ်အရွယ် အမျိုးသား၏ နေအိမ်တွင် အသက်(၃၀)အရွယ် သားဖြစ်သူက မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အရက်သောက်၍ ဆိုင်ကယ်ကို မီးရှို့ခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မျိုးထွန်းကပြောသည်။

Pages

Subscribe to Crime