နှစ်ထပ်သဘောင်္
မြို့ကလေးရဲ့
အလှဝိဥာဉ်

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

“လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှာသူမြစ်၊
နှစ်ထပ်သင်္ဘောမြို့ကလေးပေါ် နားခဲ့ပေါ့။ ”

နာမည်ကျော် ကဗျာဆရာ ဆရာမောင်ချောနွယ်က ပြည်မြို့ကို စာဖွဲ့ထားတာပါ။ မောင်ချောနွယ်ကဗျာထဲကလိုပဲ ပြည်မြို့ဟာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးတစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

ရန်ကုန်ကနေ ပြည်မြို့ကို ၁၇၉ မိုင်သာရှိပြီးတော့ ကားနဲ့ ၆ နာရီကျော်ပဲ မောင်းရပါတယ်။ ရန်ကုန်- ပြည် အမြန်ရထား ကြီးစီးပြီးတော့လည်း ရောက်နိုင်ပါတယ်။ ပြည်မြို့ဟာ ပဲခူးတိုင်းအနောက်ခြမ်းက ခရိုင်မြို့လေး တစ်မြို့ဖြစ်ပါ တယ်။

ဧရာဝတီမြစ်ကြီးကို မေးတင်ထားတဲ့ ပြည်မြို့ဟာ နဝဒေးတံတားကြီးနဲ့အတူ ပဲခူးရိုးမတောင်တန်းကြီးတွေနဲ့ ရခိုင် ရိုးမ တောင်တန်းကြီးတွေကြားခန့်ခန့်ညားညားတည်ရှိနေတဲ့မြို့လေးတစ်မြို့ပါ။

Image
Image
Image
Image

ပြည်မြို့တစ်ဝိုက် လည်ပတ်စရာတွေကတော်တော်များသလို ဒေသစာတွေကလည်းတော်တော်စုံပါတယ်။

သရေခေတ္တရာမြို့ဟောင်းတည်ရှိရာ ပြည်မြို့ဟာ ရှေးဟောင်းဘုရားတွေအပြင် ဧရာဝတီမြစ်ကြီးနဲ့ နဝဒေးတံ တား၊ မင်း ကြီးတာင်လို့ လူသိများတဲ့ တောင်ပေါ်၊ ပြီးတော့ တပြည်သူမရွှေထားဇာတ်ကားကြီး ဇာတ်အိမ်တည်ရာ မင်းကြီးတောင်ပေါ်မှာရှိတဲ့ မရွှေထားအိမ်၊ ပြည်မြို့၊ ဧရာဝတီမြစ်နဲ့ နဝဒေးတံတားကြီးကို တန်ခိုးကြီး ဘုရားတွေနဲ့အတူ တွဲမြင်ရတဲ့မြင်ကွင်းတစ်ဆုံးကို ရှုစားနိုင်မယ့် မြေဆူတောင် စသဖြင့် သွားစရာအ တော်စုံပါတယ်။

ကမ္ဘာ့အမွေအနှစ်စားရင်းဝင် ပျူလူမျိုးတို့တည်ခဲ့တဲ့ ပျူမြို့ဟောင်းအတွင်းမှာ သွားလာလည်ပတ်လေ့လာစရာတွေ အများကြီးရှိပါတယ်။

သရေခေတ္တရာမြို့ဟောင်းအတွင်းမှာရှိတဲ့ ထူးခြားတဲ့လက်ရာတွေနဲ့တည်ထားတဲ့ စေတီပုထိုးတွေကိုလည်း ထူး ခြားစွာဖူးမြှော်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ် ပျူလူမျိုးတို့ရဲ့ ဗိသုကာ လက်ရာရှေးဟောင်းစေတီအများအပြားကိုလည်း ဒီဘက်ခေတ်မှာ ဖူးမြှောနေကျ စေတီပုထိုးတွေလိုမျိုးမဟုတ်ဘဲ ထူးခြားစွာတည်ထားတာဖြစ်ပါတယ်။ ဘောဘောကြီးဘု ရား၊ ဘုရားကြီးဘုရား၊ ဘဲဘဲကြီးဘုရား ဘုရားသုံးစူကိုတော့ မရောက်ရောက်အောင် သွားရောက်ဖူးမြှော်သင့်ပါတယ်။

ပြီးတော့ ပြည်မြို့ရဲ့ ကျက်သရေဆောင်ရွှေဆံတော်စေတီမြတ်ကြီးနဲ့အတူ ဆယ်ထပ်ကြီးဘုရားတို့ကို ညနေခင်း မှာ အေးအေးဆေးဆေး သွားရောက်ဖူးမြှော်နိုင်သလို မြို့လယ်က ပြည်ဘူတာကြီးအနီးက ပြည်ညဈေးကလည်း နာမည်ကြီးပါတယ်။

မြေဆူတောင်ကတော့ ပြည်မြို့ကနေ နဝဒေးတံတားကိုဖြတ်ပြီးသွားရတာပါ။ မြေဆူတောင်ပေါ်ကို ကားနဲ့ တက် လို့မရတာကြောင့် ခြေလျင် နာရီဝက်နီးပါးတက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်ရောက်ရင်တော့ မြင်ရတဲ့ ရှုခင်းနဲ့ တင် ခြေလျင်တက်လာခဲ့သမျှ အမောတွေ ပျောက်သွားမှာပါ။ ပြည်ရဲ့ဖွဲ့စည်းမှုကောက်ကြောင်းတွေနဲ့အတူ ရွှေ ဆံတော်ဘုရား၊ ဧရာဝတီမြစ်၊ နဝဒေးတံတားကြီးကို မျက်စိတစ်ဆုံးမြင်တွေ ခံစားရမှာဖြစ်ပါတယ်။

မြေဆူတောင်လိုပဲ တောင်ပေါ်ဆိုပေမယ့် ကားနဲ့တက်လို့ရတဲ့ မင်းကြီးတောင်နဲ့ တပြည်သူမရွှေထားစံအိမ်ကို လည်း Authentic Travel မှာ တင်ဆက်ထားပါတယ်။ မင်းကြီးတောင်ကတော့ ပြည်မြို့ရဲ့အနောက်ဖက် ခြမ်း မှာရှိပြီး ပဲခူရိုးမရဲ့ တောင်စွယ်တစ်ခုဖြစ်ပါတယ်။

မင်းကြီးတောင်က အင်္ဂလိပ်လက်ထက်က အရေးပိုင်မင်းတွေ၊ နယ်ချဲ့အစိုးရမင်းတွေ၊ စက်ရှင်တရားသူကြီးတွေ နေထိုင်ခဲ့လို့ မင်းကြီးတောင်လို့ အမည်တွင်ခဲ့တဲ့အကြောင်းမှတ်သားရပါတယ်။ တပ်မတော်အစိုးရလက်ထက်တလျောက်မှာတော့ မင်းကြီးတောင်ဟာ နာမည်စိုးနဲ့ကျော်ကြားခဲ့တဲ့နေရာတစ်ခုပါ။

အကြောင်းကတော့ မင်းကြီးတောင်မှာ ထောက်လှမ်းရေးတပ်အခြေစိုက်ပြီး တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ ရဲ့ စစ်ကြောရေးစခန်းနယ်မြေဖြစ်ခဲ့တာပါ။ အဲဒီအချိန်ကတော့ အပြင်လူတွေအခုလိုသွားလာလည်ပတ်တာမျိုးမ ရှိဘဲ “တောင်ပေါ်က ခေါ်တယ်။ တောင်ပေါ်ခေါ်သွားကြပြီ” ဆိုရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတေ၊ စီးပွားရေး လူမှုရေးနယ်ပယ်ကလူတွေအတွက်တော့ စစ်ကြောခံရဖို့ပဲဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း မှာမှ မင်းကြီးတောင်ဆီကို လူသူအရောက်အပေါက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ကိုလိုနီခေတ်ကတည်းက တည်ထားခဲ့တဲ့ အိမ်ဟောင်းကြီးလေးလုံးရှိပြီး နှစ်လုံးပဲ လူနေပြီး နှစ်လုံးက တော့ လူသူမရှိဘူးလို့သိရပါတယ်။

မင်းကြီးတောင်ပြီးရင်တော့ ပြည်မြို့ထဲမှာ ဒေသစာတွေစားဖို့ ပြည်ညဈေးတန်းက နာမည်ကြီးဖြစ်ပါတယ်။ ပြည်မြို့လည်မှာရှိတဲ့ညဈေးတန်းဟာ အိမ်အပြန်လက်ဆောင်ဝယ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ပြည်ရောက်ပြီဆိုရင် မဖြစ်မနေဝယ်ကြတာက မလိုင်လုံး၊ မလိုင်ပြား၊ မလိုင်အိုး အပါအဝင် စားစရာမလိုင်မုန့် တွေအပြင် တောလက်ဖက်ထုပ်လေးတွေကိုလည်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။

မင်းကြီးတောင်ပေါ်က သီလရှင်ဆရာလေးတွေလုပ်တဲ့ အဲဒီတောလက်ဖက်ထုပ်လေးတွေကို တောင်ပေါ်လက် ဖက်လို့လည်း ခေါ်ပါတယ်။ တောင်ပေါ်လက်ဖက်ထုပ်လေးတွေက လက်ဖက်ရွက်နုလေးတွေနဲ့လုပ်တာမဟုတ် ဘဲ တောင်စောင်းတွေမှာ အလေ့ကျပေါက်လေ့ရှိတဲ့ နုနဲရွက်ဆိုတဲ့အရွက်တစ်မျိုးနဲ့လုပ်ထားတာဖြစ်ပြီး ကောက် ညှင်းထုပ်လေးတွေလို ထုပ်ထားတာဖြစ်ပါတယ်။

တကယ်တော့ ပြည်မြို့မှာနေရင်း သွားရောက်လည်ပတ်ဖို့ကောင်းတဲ့နေရာတွေက အများကြီးရှိပါတယ်။ ပြည်မြို့ရဲ့အလှအပတွေနဲ့ ရှုမြှော်ခင်းတွေကို Authentic Travel အစီအစဉ်ကနေ ပရိတ်သတ်တွေ အရသာရှိရှိ ခံစားကြည့်ရှုနိုင်အောင် တင်ဆက်ထားတာဖြစ်လို့ 7Day TV ရဲ့ ရုပ်သံအစီအစဉ်မှာ ကြည့်ရှုပြီး သွားလည်ဖို့ နေရာ တစ်နေရာ ခံစားတွေ့မြင့်ရမယ်လို့ မျှော်လင့်ပါတယ်။

Article's

Video

“ပြည်ဆိုတာ ဘယ်လိုမြို့မျိုးလဲ”

ပြည်မြို့ကို မြန်မာသက္ကရာဇ်(၁၀၁)ခုနှစ်ကစလို့ ဒွတ္တဘောင်မင်းကြီးက သရေခေတ္တရာမြို့ရယ်လို့ တည်ထောင်ခဲ့ တာဖြစ်ပါတယ်။

ပျုလူမျိုးများစွာနေထိုင်ရာဖြစ်လို့ မြို့ဟောင်းနေရာဟာ အခုပြည်မြို့အတွင်းဖက် ၅ မိုင် ၆မိုင် လောက်မှာ တည်ရှိ တာဖြစ်ပါတယ်။ ခရစ်(၈)ရာစုနှစ်လောက်မှာ မွန်တွေက မြို့တော်ကိုထိပါးနှောင့်ယှက်တာကြောင့် မြန်မာမင်း တွေစွန့်ခွာသွားပြီး ပုဂံတည်တဲ့အခါ ပျူလူမျိုးအကြွင်းအကျန်တွေက မြို့တော်ကြီးအဖြစ်တည် ထောင်နေ ထိုင်ကြပြန်ပါတယ်။ (၁၆)ရာစုအတွင်းမှာတော့ မြန်မာဘုရင်တွေကသိမ်းယူပြီး ဘုရင်ခံထားလျက် အုပ်ချုပ်ခဲ့ပါ တယ်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ မြန်မာတို့ စစ်ရေးနိမ့်လို့ ပြည်မြို့ဟာ ဗြိတိသျှအစိုးရလက်အောက် ကျရောက်ခဲ့ရပါတယ်။

၁၈၆၂ ခုနှစ်အတွင်းက မီးအကြီးအကျယ်လောင်လို့ ပြည်မြို့ကိုအကွက်တွေရိုက်ပြီး မြို့အသစ်ပြန်လည်ထူ ထောင်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် ၁၉၄၂ ဧပြီလ(၂)ရက်က ဂျပန်လက်တွင်းသို့ ကျရောက်ခဲ့ပြီးတဲ့ နောက် ၁၉၄၅ မေလ၃ရက်မှာတော့ ဗြိတိသျှတို့က ပြန်လည်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလ အတွင်းကလည်း ဗုံးဒဏ်အကြိမ်ကြိမ်ခံရလို့ အတော်ပဲပျက်ဆီးခဲ့ရပါတယ်။

“ပြည်မြို့က ဘယ်နေရာမှာတည်လို့ ဘယ်လောက်ကျယ်”

ပြည်မြို့ဟာ ပြည်ခရိုင်ရဲ့ ခရိုင်ဝန်ရုံုးစိုက်ရာမြို့ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြောက်ဖက်ယွန်းယွန်း(၁၆၁)မိုင်ဝေးပြီး န၀င်းချောင်းနဲ့ ဧရာဝတီမြစ်တို့ဆုံရာ အရှေ့ဖက်ကမ်းမှာ တည်ရှိပါတယ်။

အကျယ်အ၀န်းအားဖြင့်တော့ (၉)စတုရန်းမိုင်ရှိပါတယ်။ ပြည်မြို့ကိုရပ်ကွက်ပေါင်းများစွာခွဲထားပြီး မြောက် ဖက်မှာ န၀င်းရပ်၊ အရှေ့ဖက်မှာ ရွာဘဲရပ်၊ တောင်ဖက်မှာ ဆင်းစုရပ်၊ အလယ်ပိုင်းမှာ ရွှေကူရပ်နဲ့ ဆံတော် ရပ်တို့ရှိပါတယ်။

တောင်နှင့်မြောက်တန်းနေတဲ့ ကမ်းနားလမ်းတလျှောက်မှာတော့ အစိုးရရုံးတွေ မြူနီစပယ်ရုံး၊ ခရစ် ယာန်ဘုရား ရှိခိုးကျောင်းနဲ့ စကားပြောကြေးနန်းရုံးစတဲ့ အဆောက်အအုံကြီးတွေရှိပါတယ်။ ကမ်းနားလမ်းကိုအခြေတည်ပြီး လမ်းအရှေ့ဖက်ကို လမ်းတွေဖောက်ထားတာဖြစ်ပါတယ်။ မြို့ကနိမ့်တာကြောင့် မိုးတွင်းမှာ န၀င်းချောင်းရေ လျှံလို့ ရေဘေးဒုက္ခမကြာမကြာကြုံတွေ့ရတတ်ပါတယ်။ မြို့သူမြို့သားတွေက မြစ်ရေနဲ့ ၁၈၈၅ ခုနှစ်လောက်မှာ စတင်တူးဖော်ခဲ့တဲ့ အ၀ီစီတွင်းရေတွေကို သုံးရေ သောက်ရေအဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။

“ရာသီဥတုကရော ဘယ်လိုရှိ”

ပြည်မြို့ဟာ ပူအိုက်ခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့ ဆက်နေတာကြောင့် ရာသီဥတုက ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အခြားခရိုင်တွေထက် ပူအိုက်ခြောက်သွေ့ပါတယ်။ အပူအအေးကလည်းကွာလှပါ တယ်။ ဆောင်းတွင်းမှာ အပူရှိန်က ဖာရင်ဟိုက်ဒီဂရီ(၆၀)ခန့်ရှိပြီးတော့ နွေဆိုရင်တော့ ဒီဂရီ (၁၀၀)ကျော် ရှိ ပါတယ်။ မိုးလည်း အနှံ့အပြားမှန်မှန်ရွာပြီး မိုးရေချိန်ပျှမ်းမျှ(၃၅)လက်မ မှ (၆၀)လက်မအထိရွာသွန်းလေ့ရှိပါ တယ်။

“ပြည်ကိုဘယ်လိုလမ်းကြောင်းတွေက သွားလို့ရ”

ပြည်မြို့ဟာ ကုန်းလမ်းကပဲ သွားလာရလွယ်ကူတဲ့မြို့ဖြစ်ပါတယ်။ ပြည်ကို ရထားနဲ့လည်းသွားနိုင်ပြီးတော့ ၁၈၇၇ ခုနှစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးမီးရထား လမ်းဖြစ်တဲ့ ရန်ကုန်-ပြည်မီးရထား လမ်းရဲ့ လမ်းဆုံမြို့ဖြစ်ပါတယ်။ ရန်ကုန်ကနေဆိုရင် ရန်ကုန်-ပြည် အမြန်ရထားဟာ နေ့စဉ်နေ့လည် ၁ နာရီမှာ ထွက်ခွာပြီးတော့ ပြည်မြို့ကို ည ၁၁ နာရီဝန်းကျင်မှာ ဆိုက်ရောက်တာဖြစ်လို့ ၁၀ နာရီနီးပါးကြာရထားစီးရ မှာဖြစ်ပါတယ်။ ကားနဲ့သွားမယ်ဆိုရင်တော့ ရန်ကုန်-ပြည်ကားလမ်း၊ ပြည်-ကျောက်ပန်းတောင်းကားလမ်း၊ ပြည်-တောင် တွင်းကြီးကားလမ်းစသဖြင့် အထက်အောက်မြို့တွေကို ကားလမ်းနဲ့ ဆက်သွယ်ထား တာဖြစ်ပါ တယ်။ ရန်ကုန်ကနေ ပြည်လမ်းအတိုင်းကားနဲ့သွားမယ်ဆိုရင်တော့ ----- နာရီခန့် မောင်းရမှာဖြစ်ပါတယ်။

“အထင်ကရဘုရားတွေ”

ပြည်မြို့ရဲ့ တန်ခိုးကြီးဘုရားမှာဆင်စုရပ်မြောက်ဖက်ရှိတောင်ကုန်းပေါ်မှာတည်ထားတဲ့ ဘုရားရှင်ဆံတော် ဌာပနာပြု တည်ထားတဲ့ရွှေဆံတော်ဘုရား၊ ပြည်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ တန့်တော်မူတောင်၊ ဖိုးဦးတောင်ဘုရားတွေက ထင်ရှားပါတယ်။ ပြည်မြို့အရှေ့ဖက် ၃မိုင်အကွာမှာရှိတဲ့ နိဗ္ဗိန္ဒတောရ၊ အင်ကြင်း မြောင်တောရစတဲ့ သူတော်သူမြတ်တို့ တရားကျင့်ရာထင်ရှားသောတောရတွေလည်းရှိပါတယ်။

“ပြည်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ”

ပြည်မြို့ကနေ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ စာပေ၊ ဂီတ၊ အနုပညာနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ရှိခဲ့ပါတယ်။ ဂျီစီဘီအေဦးစု၊ စာရေးဆရာကြီးဒဂုန်ရွှေမျှား၊ ဂီတစာဆိုစန်းသော်တာ (တက္ကသိုလ်မေစန်း)၊ ရုပ်ရှင်မင်း သားဦးညီပု၊ မယ်ခကွေး၊ တေးရေးတေးဆို ပန်းချီခင်ဝမ်း၊ ဒေါက်တာဒေါ်စောဆ၊ စာရးဆရာဇ၀န၊ န၀င်းမ သိန်းတင်၊ ဒေါက်တာဒေါ်ရင်မေ၊ ၀န်ကြီးဦးသီဟန်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဂီတစာဆို တက္ကသိုလ် မြတ်စိုးစသူတို့ဟာ ပြည်သူ ပြည်သားတွေဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်းအတွဲ(၇)၊ မြန်မာပြည်တစ်ခွင်လမ်းညွှန်(တင်နိုင်တိုး) နဲ့ မြန်မာပြည်တစ်လွှားဒေသန္တရပွဲ တော်များ(တင်နိုင်တိုး) တို့မှကိုးကားပြီး နှင်းနုထွေး စုစည်းရေးသားထားပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

 ရှေးဟောင်း ကမ္ဘာ့ရေကြောင်းဆိပ်ကမ်းမြို့ တနင်္သာရီ

သစ်တောဖုံးအုပ်လျှက်ရှိတဲ့ တနင်္သာရီမြို့ဟာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ဖြစ်ပြီး တနင်္သာရီမြစ်ငယ်နဲ့ မြစ်ကြီးဆုံရာအရပ်မှာတည်ရှိပါတယ်။

Read More
Image

အချိန်များစွာ မေ့လျော့ခြင်းခံခဲ့ရတဲ့ ဒေသ(သို့) မြိတ်ကျွန်းစုဒေသ

‘The Land that time forget’ ‘အချိန်များစွာ မေ့လျော့ခြင်းကို ခံခဲ့ရသောဒေသ’ လို့ ကမ္ဘာက အမည်မှည့်ခဲ့တဲ့ မြိတ်ကျွန်းစုဒေသဟာ မြန်မာပြည်တောင်ဖက်အစွန်း အန်ဒမန်ပင်လယ်ကမ်းခြေမှာ တည်ရှိပါတယ်။

Read More
Image

သီပေါတည်ခဲ့ရာ ရွှေကျောင်းတော်သာ

မြန်မာသီချင်းကြီးတွေထဲက နာမည်ကြီး “ဝေဇယန်နှင့်နှုန်းငြား” ဆိုတဲ့ ကြိုးသီချင်းကလေးကို ကျောင်းတော်ကြီးကြိုးလို့ ခေါ်ကြပါတယ်။

Read More
Image

တိမ်တွေနေတဲ့ အရပ်ဆီကို

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ ရှိပါတယ်။

Read More
Image

ဧရာဝတီနဲ့ ဒုဌဝတီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) တို့ဆုံရာမှာ တည်ရှိပါတယ်။

Read More