သဘာဝကျွန်းအလှတွေ
တည်ရှိရာ
ကော့သောင်းမြို့ဆီမှာ

Authentic Myanmar Tea နှင့် 7DayTV တို့
ပူးပေါင်းစီစဉ်တင်ဆက်သည်။

မြန်မာကို ကမ္ဘာက စိတ်ဝင်စားစေတဲ့ အကြောင်းအရာပေါင်းများစွာတွေထဲက အင်မတန်လှပပြီး သဘာဝကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံတောင်ဖက် တနင်္သာရီတိုင်းဒေကြီးက ကော့သောင့်မြို့လေးဟာလည်း တစ်ခုအပါအ၀င် ဖြစ်တာကြောင့် ကော့သောင်းဒေသအတွင်းက သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်ကျွန်းတွေအကြောင်းကို 7Day TV ရဲ့ Authetic Travel ကနေ ဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။

Image
Image
Image
Image

‘‘ပြောမယုံ မြင်ဖူးမှသိမယ့် ကော့သောင်းဖက်က ကျွန်းစုတွေဆီ'’

မြန်မာစကားပုံတစ်ခု ရှိပါတယ်။ ပြောမယုံကြုံဖူးမှ သိမယ်တဲ့။ မြန်မာနိုင်ငံတောင်ဖက်ဖျား အက်ဒမန်ပင် လယ်အတွင်းက အပျိုစင်ကျွန်းတွေဟာ လည်း ပြောမယုံ မြင်ဖူးမှ သိမယ်လို့ ပြောရလောက်အောင် ကိုယ့်မျက် လုံးကိုယ်မယုံနိုင်လောက်အောင် လှတဲ့ အလှမျိုးပါ။ မြန်မာနိုင်ငံသားတွေ အရောက်အပေါက်နည်းလှတဲ့ မြန်မာ့အလှတွေ၊ အသဲပုံကျွန်းလို့ ခေါ်တဲ့ ကြက်မောက်ကျွန်းက ဘယ်လောက်တောင်မှလှလိုက်တာလဲ၊ မြင်းခွာကျွန်းရဲ့ ကြည်စိမ်းနေတဲ့ ရေပြင်နဲ့ သူဌေးကျွန်းတို့ ညောင်ဦးဖီးကျွန်းတို့ပေါ်က ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေဆီကို ခေါ်သွားပေးမှာပါ။

Article's

Video

‘‘ကျွန်းနှစ်ကျွန်းလို့ အမည်ရတဲ့ ကော့စွန်း(သို့)ကော့သောင်း'’

သစ်တောတွေဖုန်းလွှမ်းထားပြီး တောင်ကုန်းတွေဝန်းရံနေတဲ့ ကော့သောင်းမြို့ဟာဆိုရင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ဆောင်ဘက်အစွန်းဆုံးဖြစ်တဲ့ ၀ိတိုရိယအငူ ပင်လယ်ကမ်းစပ်မှာတည်ရှိပါတယ်။

ပင်လယ်ရေမျက်နှာပြင် (၁၂၅)ပေမှာတည်ရှိပြီးရန်ကုန်ကနေရေမိုင်(၄၂၀)ကွာဝေးပါတယ်။ အရှေ့လတ္တီတွဒ် ၉၈ ဒီဂရီမှ ၃၄ဒီဂရီ ၃၅မိနစ်အကြားမှာ မြို့တည်ရှိပါတယ်။ ကော့သောင်းမြို့အနောက်မြောက်ဘက် မိုင်(၃၀)အကွာမှာရွှေကျွန်း(ခေါ်)ရပ်ဆဲကျွန်း၊ အနောက်တောင်ဘက် မိုင်(၄၅)အကွာမှာတော့ ၀ူးဖရမ်(အဖြိုက်နက်)တွေထွက်တဲ့ သံကျွန်း(ခေါ်)ဒေးဝစ်ကျွန်းတို့တည်ရှိပါတယ်။

အီကွေတာနဲ့နီးပြီးပူအိုက်တဲ့ရာသီရှိပါတယ်။ ထိုင်းနိုင်ငံပိုင် ရနောင်းမြို့နဲ့ (၅)မိုင်သာကွာဝေးပြီး ထိုင်းနိုင်ငံနဲ့ (၆၄)မိုင် ဆက်စပ်လျှက်ရှိပါတယ်။ မြောက်ကနေတောင် ကုန်းမြေပြင်ကို ဖြတ်သန်းစီးဆင်းလာတဲ့ ပါချန်မြစ်ဟာဆိုရင် ကောင်းသောင်းမြို့ရဲ့အရှေ့ဘက် သဘာဝနယ်နိမိတ် ဖြစ်ပါတယ်။

မြို့ရဲ့အကျယ်ကတော့ စတုရန်းမိုင်(၁၀၄၁.၉၉၁)ရှိပြီးရပ်ကွက်ပေါင်း(၁၀)ခု၊ ကျေးရွာအုပ်စုပေါင်း(၁၈)အုပ်စုနဲ့ လူဦးရေကတော့(၂၀၁၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရကျား(၁၁၅,၈၇၅) ၊ မ(၁၀၅,၈၆၃၊ စုစုပေါင်းလူဦးရေ(၂၂၁,၇၃၈)ဦးတို့ ရှိပါတယ်။အများစုကတော့ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်။

ကော့သောင်းမြို့လို့ ခေါ်တွင်ရခြင်းကတော့ ကော့သောင်းမြို့အနီးမှာဗောင်းနင်းကဒန်းကျွန်းနဲ့ ဗောင်းဝါးကျွန်းနှစ်ကျွန်းကိုအစွဲပြုပြီးထိုင်းဘာသာစကားနဲ့(ဒကော့စွန်း)ကို မြန်မာတွေက(ကော့သောင်း)လို့ ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ကော့စွန်းရဲ့အဓိပ္ပါယ်ကတော့  ကော့(ကျွန်း) ၊ စွန်း(နှစ်) ၊ ဒကျွန်း(နှစ်ကျွန်း)လို့အဓိပ္ပါယ်ရပါတယ်။

‘‘အလုပ်အကိုင်'’

ကော့သောင်းမြို့လေးဟာ စည်ကားလှတဲ့ ငါးဖမ်းဆိတ်ကမ်း တစ်ခုဖြစ်ပြီး ရေ လုပ်ငန်းကို အ ဓိကထားလုပ်ကိုင်ကြပါတယ်။ ဖမ်းဆီးရမိတဲ့ ငါးတွေကို ဈေးကောင်းရတဲ့ ရနောင်းမှာ သွား ရောက်ရောင်းချကြပါတယ်။ ပင်ရင်းထွက်ကုန်တွေကတော့ ဆန်စပါးနဲ့ သံဖြူဖြစ်ပြီး ကြက်ပေါင်စေး၊ ကလမက်၊ ကွမ်းသီးခြောက် နဲ့ ငပိ၊ ငခြောက်တွေလည်း ထွက်ရှိပါတယ်။ လယ်ယာချိန်ခါမဟုတ်တဲ့ အချိန်အခါတွေဆိုရင် နယ်သားတွေဟာ ကျွန်းစုတွေကို သွားရောက်ပြီး တံငါလုပ်ငန်း၊ ငှက်သိုက်ရှာဖွေခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

‘‘နေထိုင်ကြတဲ့လူမျိုး'’

ကော့သောင်းမြို့အတွင်းမှာနေထိုင်ကြတဲ့လူမျိုးတွေကတော့ မြန်မာ၊ ကရင်၊ မွန်၊ ရခိုင်၊ တရုတ်၊ မလေး၊ အိန္ဒိယ၊ ဆလုံနဲ့ ယိုးဒယားလူမျိုးတွေ အပါအ၀င် လူမျိုးပေါင်းစုံလည်းနေထိုင်ကြပါတယ်။

‘‘အက်ဒမန်ပင်လယ်အတွင်းက အသဲပုံရေကန်ကြီးရှိရာ ကြက်မောက်ကျွန်း'’

မြန်မာနိုင်ငံတောင်ဖက်အစွန် ကော့သောင်းခရိုင်မှာရှိတဲ့ အက်ဒမန်ပင်လယ်အတွင်းကသာယာလှပတဲ့ ပင်လယ်ကျွန်းပေါင်းများစွာရှိတဲ့အထဲက ကျွန်းရဲ့ အလယ်ဗဟိုမှာထူးဆန်းလှပပြီးအသည်းပုံရေကန်ကြီးသဖွယ် ဖြစ်ပေါ်နေတဲ့ ကြက်မောက်ကျွန်း(ခေါ်)Cock Comb Island ကိုကမ္ဘာလှည့်ခရီးသွားတွေကအထူးစိတ်ဝင်စားကြပါတယ်။

မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ၊ ဟားခါးမြို့မှာရှိတဲ့ အသဲပုံရိ(ဒ်)ရေကန်ကြီးဟာရေချိုဖြစ်ပြီးကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်းက ကြက်မောက်ကျွန်းပေါ်ကအသဲပုံရေကန်ကြီးကတော့ ပင်လယ်ရေငံ ဖြစ်ပါတယ်။

ကော့သောင်းမြို့အနောက်တောင်ဖက်ပင်လယ်ရေမိုင်(၂၈)မိုင်ခန့်အကွာSpeed boat နဲ့သွားရင် (၁)နာရီခန့်အတွင်းရောက်ရှိနိုင်တဲ့ဇာဒက်ကြီးကျေးရွာအုပ်စု၊ အက်ဒမန်ပင်လယ်အတွင်းမှာတည်ရှိတာပါ။

ကျွန်းအကျယ်အ၀န်းက(၁၂၀)ဧကခန့်ရှိပြီး မြေသားလုံးဝမရှိတဲ့ သက်နုမီးသင့်ကျောက်သားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်းပေါ်ကိုတက်ရောက်ဖို့တော့ မတ်စောက်တဲ့ကျောက်တောင်သဖွယ် ဖြစ်နေပါတယ်။ ကျောက်တောင်ပတ်လည်ဝန်းရံလျှက်အနေအထားနဲ့ ကျွန်းအလယ်ဗဟိုမှာတော့ အချင်း(၃၀၀)ပေခန့်ရှိတဲ့ သဘ၀အလျောက် ဖြစ်တည်နေတဲ့ အသဲနှလုံးပုံသဏ္ဍန် ရေငံအိုင်ကြီးတစ်ခုကြောင့် ထူးဆန်းနေခြင်းဖြစ်ပါတယ်။

ရေငံအိုင်ကြီးကို ၀င်ရောက်ဖို့ကတော့ တစ်ခုတည်းသောဝင်ပေါက်ဖြစ်တဲ့ ကျွန်းရဲ့ အရှေ့တောင်ဖက် အောက်ခြေကျောက်တန်းအောက်ကနေအကျယ်(၂၅)ပေ၊ အလျား(၃၀)ပေရှိတဲ့ ပြွန်ပုံသဏ္ဍန် လှိုင်ဂူအပေါက်တစ်ခုကနေပင်လယ်ဒီရေအနည်းငယ်ကျချိန်မှာ ၀င်ရောက်နိုင်တာ ဖြစ်ပါတယ်။

ရေကန်ကြီးအတွင်းမှာတော့ hard coral အမျိုးအစား(၂၅)မျိုးခန့် ၊ငါးမျိုးစိတ်(၄၀)ခန့် ၊ သန္တာကျောက်ခက်၊ ကျောက်ပွင့် ၊ ရှားပါးရေသတ္တ၀ါ မျိုးစိတ်ပေါင်းများစွာ သဘာဝကျက်စား နေထိုင်ကြတာမို့ နိုင်ငံခြားခရီးသွားများနဲ့ ပင်လယ်ဇီဝဗေဒပညာရှင်တွေ စိတ်ဝင်တစားကြည့်ရှုလေ့လာလည်ပတ်ကြခြင်း ၊ မှတ်တမ်းတင်ခြင်း များပြုလုပ်ကြပါတယ်.။ဒါ့အပြင် အဖိုးတန်ငှက်သိုက်များလည်းထွက်ရှိပါသေးတယ်။

‘‘ဖူဖွေးနူးညံ့တဲ့ သဲသောင်ပြင်ကြီးရှိရာ စေတန်ကျွန်း'’

နောက်ကျွန်းတစ်ခုကတော့ ကော့သောင်းမြို့နဲ့(၃၄)မိုင်အကွာ ဧရိယာစတုရန်းမိုင် (၄၈၅) မိုင်ရှိတဲ့ စေတန်ကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ စေတန်ကျွန်း (Satan Island) ရဲ့ ဖြူဖွေးနူးညံ့တဲ့ သဲသောင်ပြင်ကြီးဟာဆိုရင် တစ်ကယ့်ကို ရင်သပ်ရှုမောစရာ ဖဲမွေ့ယာအလားပါပဲ။

‘‘အပမ်းဖြေစရာတွေပေါတဲ့ သူဌေးကျွန်း'’

အက်ဒမန်ပင်လယ်ပြင်ကို ဖြတ်ကျော်ကြည့်ရင် သူဌေးကျွန်းကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ သူဌေးကျွန်းဟာ ကော့သောင်းမြို့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တို့ရဲ့ အနီးမှာတည်ရှိပြီး မြိတ်ကျွန်းစုမှာရှိတဲ့ ကျွန်ငယ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ သူဌေးကျွန်းကို မြန်မာအစိုးရကနေ ထိုင်းနိုင်ငံအခြေဆိုက် (VSE Group) ဆီမှာ ခရီးသွားလုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းထားပါတယ်။ ကျွန်းပေါ်မှာတော့ အက်ဒမန်ကလပ် အမည်ရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ကာစီနိုနဲ့ အပန်းဖြေဂေါက်ကွင်းကို ဖွင့်လှစ်ထားပါတယ်။

‘‘ညောင်ဦးဖီးကျွန်း'’

ရေပြာပြာပင်လယ်ပြင်ကြီးနဲ့ ညီညာပြန့်ပြူး ဖြူလွလွ သဲသောင်ပြင်ရယ်၊ ပင်လယ်ရေအောက်က သဘာဝရှုခင်းတွေရယ်၊ ပင်လယ်သတ္တဝါ မျိုးစိတ်ပေါင်းများစွာရယ်၊ ပင်လယ်ရေအောက် သန္တကျောက်တန်းတွေရယ်၊ သဘာဝရေမှော်ပင်တွေ ရှိတဲ့ ကျွန်းလေးကတော့ ကော့သောင်းမြို့ကနေ ရေမိုင် (၄၂) မိုင်အကွာ Speed boat နဲ့ (၁) နာရီလောက် ခရီးနင်လိုက်ရင် အပန်းခြေစခန်းရှိရာ ညောင်ဦးဖီးကျွန်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ကော့သောင်းဒေသအတွင်းက ကျွန်းတွေဆီကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားဦးရေဟာ နှစ်စဉ်တိုးတက်လျက်ရှိလို့ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရှာဖွေပေးလျှက် ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အလှတွေ မပျက်ယွင်းသေးတဲ့ အပျိုစင်အလှကျွန်းတွေဆီကို ပြည်တွင်းခရီးသွားတွေသာမက ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေပါ စိတ်ဝင်စားတာကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုအဖြစ် 7Day TV ရဲ့ Authetic Travel ကနေ တိုက်တွန်းချင်ပါတယ်။



မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၊ အပိုင်း(ခ) ၊ မြန်မာပြည်ပင်လယ်အဏ္ဏ၀ါ အခြေခံခရီးသွားလုပ်ငန်း (တင်သန်းယု) ၊ ၀ီကီပီးဒီးယား ၊ (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့မှ ကိုးကား၍ နှင်းနုထွေး ရေးသားထားပါတယ်။

Image

Gallery

Main

Sponsor

Co

Sponsor

Related

Articles

Image

ကြီးမြတ်လေသော သမိုင်းကြောင်းများနဲ့ပုဂံ

ပုဂံဟာမြန်မာတွေအတွက်တော့ အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် ဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်ပါတယ်။ ‘တမ္ပဒီပ’လို့ခေါ်တဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော် ဖြစ်ပါတယ်။

Read More
Image

တောင်ဇလပ်တို့ မွေ့ပျော်ရာ တောင်တန်းတွေရဲ့အလွန်

ချင်းတောင်၊ ချင်းလူမျိုးတွေနဲ့ ပတ်သက်လာရင် တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်က မပါမဖြစ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။

Read More
Image

တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ

အင်းလေးလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေ ကာရံထားတဲ့အလယ်က ရေပြင်ကျယ်ကြီးရယ်၊ လှေကိုခြေနဲ့လှော်ခတ်နေတဲ့ အင်းသားလူမျိုးတွေရယ်ကို ပြေးမြင်မိမှာ မလွဲပါပဲ။

Read More
Image

ဖားစည်သံဝေ ဇွဲကပင်မြေ

ဇွဲကပင်တောင်ဟာဆိုရင် ကရင်ပြည်နယ်ရဲ့ ဂုဏ်ဆောင်တစ်ခု ဖြစ်သလို အမှတ်အသား သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

Read More
Image

ချစ်စရာကရောမြေသို့ အလည်တစ်ခေါက်

ဟိုးအရင်ကတည်းက ပျောက်မသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတိုင်း ထိန်းသိမ်းထားတဲ့ ကယားပြည်နယ် တောင်တန်းတွေကြားက ထယ်ခိုရွာလေးပါ။

Read More
Image

ဒွေးမယ်နော်တို့စံပျော်ရာ ငွေတောင်ပြည်

လမ်းတစ်လျှောက်အ ရမ်းလှတဲ့ရှုခင်းတွေ၊ တောင်တန်းတွေ နေထွက်ချိန်ရဲ့ ခမ်းနားတဲ့ အလှအပတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီတွေကိုကြည့်ပြီး ပျော်မဆုံးတော့ဖြစ်ရသေးတာပါ။

Read More