လေယာဉ်အမှတ် ၅၈၂၀ အတွက်

ဝမ်းနည်းကြေကွဲခြင်း

မြန်မာ့တပ်မတော်အတွက် နာရီပေါင်းရှစ်ရာကျော် ဝေဟင် တွင် အသုံးတော်ခံလာသည့် တရုတ်နိုင်ငံထုတ် တပ်မတော်ပိုင် Y-8 လေယာဉ်သည် ဇွန်လ ၇ ရက်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။

မြိတ်လေတပ်စခန်းဌာနချုပ် မှ ရန်ကုန်သို့ ပျံသန်းစဉ် လောင်း လုံးမြို့အနီးရှိ ကမ်းရိုးတန်းအနီး တွင် ပျောက်ဆုံးခဲ့ပြီးနောက် တပ်မတော်သမိုင်းတစ်လျှောက် အ ဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွား သည့်နေ့တွင်ပင် တပ်မတော်မှ ရဟတ်ယာဉ်၊ လေယာဉ်၊ ရေယာဉ်များဖြင့် တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်၌ အင်အားသုံး ပြီး Y-8 လေယာဉ်ကို ရှာဖွေခဲ့ သော်လည်း အစအနပင် မတွေ့ရှိခဲ့ပေ။

ယင်းညက ထားဝယ်မြို့မှ မိုင် ၇၀ ကျော်ဝေးသည့် ရှင်မော် အငူ၊ မြင်းခွာအော် အစရှိသော ပင်လယ်ဝကမ်းရိုးတန်းထိပ်အထိ ထားဝယ်မြို့ ဒေသခံကူညီကယ် ဆယ်ရေးအဖွဲ့များသည် သတင်း ကြားသည့်နေရာသို့ ညလုံးပေါက် အရေးပေါ်ယာဉ်တန်းများဖြင့် မောင်းနှင်ပြီး မိုးလင်းခဲ့ရသည်။

ပျောက်ဆုံးအပြီး ဒုတိယနေ့ မနက် ၈ နာရီကျော်တွင် Y-8 ၌ ပါဝင်သော ခရီးသည်များ၏ ရုပ်အလောင်းများကို လောင်းလုံး မြို့နယ် ရှင်မော်အငူအနီး ရေမိုင် ၂၀ ကျော်တွင် စတင်တွေ့ရှိခဲ့ သည်။

လေယာဉ်ပျက်ကျခဲ့ပြီး တစ်ပတ်အတွင်း စုစုပေါင်း ရုပ်အ လောင်း ၈၆ လောင်းကို ထားဝယ်နှင့် လောင်းလုံးမြို့အကြား ကမ်းရိုးတန်းတွင် ရှာဖွေတွေ့ရှိခြင်းဖြစ် သည်။

ရုပ်အလောင်းများကို စတင် တွေ့ရှိပြီး နောက်ရက်တွင် အမည်နာမအတည်ပြုနိုင်သည့် ရုပ်အ လောင်းများကို ထားဝယ်မြို့ ဇဟာသင်္ချိုင်း၌ မီးသင်္ဂြိုဟ်မှု စတင်ပြုလုပ်ခဲ့သည်။

ဇွန်လ ၁၃ ရက်အထိ စာရင်း များအရ တပ်မတော်သားနှင့် မိသားစုဝင် စုစုပေါင်း ရုပ်အ လောင်း ၄၀ ကျော်ကို မီးသင်္ဂြိုဟ် ခဲ့သည်။

ဇနီး၏ အလောင်းကိုတွေ့ သော်လည်း ကလေးအလောင်း ကို ရှာမတွေ့သေးခြင်း၊ မြေးဖြစ် သူ၏ အလောင်းသာတွေ့ပြီး သမီးနှင့် သမက်သည် ပျောက်ဆုံးနေ ခြင်း စသည့်ပူပန်သောကရောက် နေသူ ကျန်ရစ်သူမိသားစုများ၏ ဝမ်းနည်းစရာဇာတ်လမ်းများက ဇဟာသုသာန်အတွင်း ကြေကွဲ စရာများက အပြည့်ပင်။

မထင်မှတ်ဘဲ ရက်ပိုင်း၊ နာရီပိုင်းအတွင်း နေ့မြင်ညပျောက်ကဲ့ သို့ မိသားစုကို ဖြစ်ရပ်ဆိုးနှင့် ခွဲခွာကြသူများကြောင့် ကျန်ရစ်သူ များမှာ ပြောစရာစကားပင်မရှိ လောက်အောင် ဇဟာသင်္ချိုင်းပေါ် တွင် ပူဆွေးခဲ့ရသည်။

‘‘ဒေသခံတွေရဲ့ အကူအညီ ကြောင့် ခုလောက်ထိ မြန်မြန်ဆန် ဆန် ရှာဖွေနိုင်တာ’’ဟု လောင်း လုံးမြို့နယ် စမ်းလှမ်းကျေးရွာမှ ရှာဖွေရေးပြုလုပ်ရာတွင် ပါဝင် သည့် တပ်မတော်အရာရှိတစ်ဦး က ပြောသည်။

သို့သော် တပ်မတော်က ရှာ ဖွေရရှိသော ရုပ်အလောင်းများ သယ်ဆောင်ခြင်းနှင့် တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်ခြင်းကို တပ်မတော်သားများ ကိုယ်တိုင် ကိုင်တွယ်ပြီး တပ်မတော်ယာဉ် များဖြင့်သာ ပို့ဆောင်စေခဲ့သည်။

ဒေသခံ လူမှုရေးအသင်းအ ဖွဲ့များ၏ ယာဉ်များကို အသုံးမပြု မှုကြောင့် ကျန်ရှာဖွေရေးရက်များ တွင် ၎င်းတို့သည် လာရောက်ခြင်း မရှိတော့ပေ။

Youtube player here

National Geographic

အထူးသဖြင့် လောင်းလုံး ဒေသခံ ပင်လယ်ငါးဖမ်းလုပ်ငန်း များတွင် အဓိကအသုံးပြုသည့် ဒေသအခေါ် ဝါးလက်ငါးဖမ်းပိုက် များဖြင့် အလောင်းများကို ရှာဖွေ ရာ၌ အဓိကအသုံးဝင်ခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။

‘‘ဝါးလက်နဲ့ဆွဲတဲ့အခါ ရေ အောက်ထဲမှာ ပိုက်ကိုချထားတာ ပိုက်က အရှည်ကြီးချထားတော့ အရာဝတ္ထုတစ်ခုခုတိုးတာနဲ့ ပိုက် ကလှုပ်တယ်။ ဒီနည်းနဲ့ပဲ အ လောင်း တော်တော်များများကို ရှာတွေ့တာ’’ဟု စမ်းလှမ်းကျေး ရွာမှ ဒေသခံ ကိုရဲက ပြောသည်။

‘‘တချို့အလောင်းတွေက တစ်နေရာတည်းစုပြီးတွေ့တယ်။ တချို့အလောင်းတွေကျတော့ လည်း လှိုင်းတွေပုတ်တော့ ပြန့် ကျဲကုန်တာ’’ဟု ဒေသခံ ကိုရဲက ဆိုသည်။

စမ်းလှမ်းရွာခံ ကိုရဲသည် တပ်မတော်သားများနှင့် ပူးပေါင်း ကာ ပင်လယ်ပြင်တွင် ရှာဖွေပေး သည့် ဒေသခံငါးဖမ်းစက်လှေပိုင် ရှင်ဖြစ်သည်။

ဒေသခံများ၏ အယူအဆ အရ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့သည့် ငါးဖမ်းပိုက်များကို ဆက်လက်ပြီး ငါးဖမ်းလုပ်ငန်း များတွင် အသုံးမပြုဘဲ စွန့်ပစ်မည်ဟု စမ်းလှမ်းရွာမှ တံငါလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

လေယာဉ်သည် မည်သို့မည် ပုံ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ကို ရုပ်အလောင်းများကိုပင် ကြည့်ပြီး ဆုံးဖြတ်၍မရကြောင်း ၎င်း တို့က ဆိုသည်။

ရှာဖွေရေးပြုလုပ်သူများအ တွက် အဓိကအခက်ခဲဆုံးသည်ရာသီဥတုမကောင်းသည့်ရက် များတွင် ရှာဖွေရခြင်းဖြစ်သည်။

ဇွဲကြီးစွာဖြင့် ရှာဖွေနေသူ များအတွက် ရာသီဥတုက ဆိုးရွား စဉ် ပင်လယ်ပြင်၌ အခက်အခဲ ဆုံးရှာဖွေနေရသည့် အခြေအနေဖြစ်သည်။ ဇွန်လ ၁၀ ရက် နံနက်က ထားဝယ်မြို့ရော လောင်းလုံးမြို့တွင်ပါ မိုးသည်းထန်စွာ ရွာ သွန်းမှုများကြောင့် ပင်လယ်ပြင်၌ ရှာဖွေသူများထင်သလောက် ခရီး မပေါက်ခဲ့ပေ။

ယင်းနေ့က 7Day သတင်း ထောက်ရောက်ရှိခဲ့သော ရှာဖွေ ရေး ပြုလုပ်နေသည့်ခြောက်ရက် အတွင်း ရာသီဥတုအဆိုးဆုံး ဖြစ် ခဲ့ပြီး ဒေသခံစက်လှေများပင် နံနက်အတွက် ပင်လယ်ပြင်တွင် ရှာဖွေခြင်းကို ရပ်နားထားခဲ့ရ သည်။

‘‘လှေပေါ်မှာ မတ်တပ်ရပ်လို့ မရဘူး။ တော်တော်လှိုင်းကြီးနေ တာ’’ဟု ယင်းနေ့နံနက်က ဒေသခံဦးမြင့်လွင်က ပြောသည်။

အဆိုပါရက်က လေတိုက် နှုန်းမှာ တစ်နာရီ မိုင် ၂၀ ကျော်အ ထိရှိပြီး လှိုင်းအမြင့်မှာ ၃ မီတာ အထိ ရှိ၍ ရှာဖွေရေးများကို နံနက်တွင် ရပ်နားထားခဲ့ရသည်။

တပ်မတော်ပိုင်လေယာဉ် Y-8 မည်သို့မည်ပုံကြောင့် ပျက် ကျရသည်ကို လေယာဉ်ထုတ်လုပ် သည့်ကုမ္ပဏီနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမည်ဟု တပ်မတော်က ထုတ်ပြန်ထားသော်လည်း လေယာဉ်ပျက်ကျပြီး ခုနစ်ရက်မြောက်အထိ အဖြေမရှာနိုင်သေးသကဲ့သို့ လေယာဉ်အစိတ်အပိုင်းများပင် ရှာဖွေမတွေ့ရှိသေးပေ။

လေယာဉ်အစိတ်အပိုင်းအ ဖြစ် လေယာဉ်ဘီးတစ်လုံးကိုသာ ရှာဖွေတွေ့ရှိထား၍ စုံစမ်းစစ် ဆေးမှုများပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည်။



ထားဝယ်မှာရှိသမျှ ဆေးရုံကားတွေ၊ နာရေးကားတွေ တော်တော်ဆင်းလာကြတာ။ မနေ့ညကတည်းက တချို့ဆို
တစ်ရေးမှ မအိပ်ရသေးဘူး



ဦးနိုင်ဝင်း
လူမှုဂရုဏာ ကူညီရေးအသင်း

click to expand image

မြန်မာ့တပ်မတော်က လေ ယာဉ်ရှာဖွေရေးနှင့် လေယာဉ်ပေါ် ပါဝင်သူများရှာဖွေရေးကို ဇွဲ မလျှော့ဘဲ မတွေ့မချင်းဆောင် ရွက်မည်ဟု ပြောကြားထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ‘‘ရှာမှာ။ ရှာမှာပါ။ မတွေ့လို့တော့ မရဘူး။ တွေ့ အောင် ရှာရမှာပါ။ မရရအောင် ရှာပါ့မယ်’’ဟု ပျက်ကျခဲ့သည့် လေယာဉ်တွင် ပါဝင်သူများ၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ၌ ဇွန်လ ၁၀ ရက်က ပြောကြားခြင်း ဖြစ် သည်။ ကျန်ရစ်သူမိသားစုများအ တွက် ပြည်သူများ၊ အစိုးရနှင့် တပ်မတော်မိသားစုများက လှူ ဒါန်းငွေသည် သိန်းတစ်သောင်းခွဲ ကျော်ထိ ရရှိခဲ့သည်။

ထို့အပြင် လေယာဉ်ပျက်ကျ မှုသည် နိုင်ငံ၏ဧရိယာတွင် ရှိနေ ၍ ရှာတွေ့ရန် နီးစပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသည်ဟု ယူဆရသည့် ယခုရှာဖွေနေသော နေရာ၏ ရေမျက်နှာပြင်အနက် သည် ၃၅ မီတာ(၁၁၄ ပေကျော်) သာရှိကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဆိုသည်။

၂၀၁၆ ဖေဖော်ဝါရီက တပ်မတော်(လေ)မှ Beech-1900 D အလတ်စားသယ်ယူပို့ဆောင် ရေးလေယာဉ်တစ်စီးသည်လည်း နေပြည်တော်အနီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်၌ရှိသော အရာရှိ သုံးဦးနှင့် အခြားအဆင့်သုံးဦး သေဆုံးခဲ့သည်။

ထို့အပြင် ၂၀၁၆ ဇွန်လက အမ်အိုင်အမျိုးအစားတပ်မတော် ရဟတ်ယာဉ်သည် ဒိုက်ဦးမြို့နယ် အတွင်း လျှိုတစ်ခုအတွင်းသို့ ကျကာ အရာရှိနှစ်ဦးနှင့် တပ်ကြပ် ကြီးတစ်ဦးသေဆုံးခဲ့သည်။

ယခု Y-8 လေယာဉ်ဖြစ်စဉ် မှာ တပ်မတော်၏ သမိုင်းတွင် ပထမဆုံးနှင့် အဆိုးရွားဆုံးဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကဝမ်းနည်းစွာပြောကြားသည်။

ပြည်သူများက ဖေ့စ်ဘွတ်ခ် တွင် ‘ဝမ်းနည်းကြေကွဲခြင်း လေ ယာဉ်အမှတ် ၅၈၂၀’ ဟု ပရိုဖိုင်ချိန်းပြီး ဝမ်းနည်းကြောင်း ပြသခဲ့ သည်။ ရှာဖွေမှုတွင် ရက်ကြာမြင့် လာလေ တွေ့နိုင်ရန် အခက်အခဲ ရှိ၍ ဒေသခံအများစုက လေယာဉ် ကိုယ်ထည်ကို တွေ့ရှိရန် မလွယ် ကူနိုင်ကြောင်း ရှာဖွေရေးတွင် ပါဝင်သည့် လောင်းလုံးမြို့မှ ဒေသခံများက ပြောသည်။

‘‘ရုပ်အလောင်းက ရေစီး ကြောင်းကို ကြည့်ပြီး ရှာဖို့လွယ် တယ်။ လေယာဉ်အပိုင်းအစတွေ ကတော့ ပင်လယ်ကြမ်းပြင်အောက်ထဲ ရောက်သွားလောက်ပြီ။ ရက်ကြာလာလေ တွေ့ဖို့ခက်လေပဲ’’ဟု ဒေသခံမီးသတ်တပ်ဖွဲ့ အရာရှိ ဦးစောဦးက သုံးသပ်သည်။

လေယာဉ်ပျက်ကျမှုသည် စက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ကြောင့်လားဆိုသည့်အကြောင်း ရင်းကို ကျွမ်းကျင်သူများနှင့် ပညာရှင်အများစုက ခန့်မှန်းနေပြီး တပ်မတော်က မကြာမီတွင် ဖြစ်ရပ် အမှန်ကို စုံစမ်းစစ်ဆေးမည်ဟု ဆုံးဖြတ်ချက်ချထားသည်။

ဇွန်လ ၇ ရက် တနင်္သာရီ ကမ်းရိုးတန်းတွင် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့သည့် Y-8 လေယာဉ် ပျက်ကျမှု၏ ဇာစ်မြစ်အဖြေမှန်ကို အမျိုးမျိုး ထင်ကြေးပေး ပြောဆို နေသော်လည်း တစ်ပတ်ကြာချိန်အထိ အဖြေထွက်ပေါ်လာခြင်းမရှိသေးပေ။။


ဆယ်ယူရရှိသည့် ပျက်ကျ Y-8 လေယာဉ် အမြီးပိုင်းနှင့် BlackBoxကို တပ်မတော်သားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်)


လေယာဉ်ပျက်ကျမှု မှတ်တမ်းကို ဖော်ထုတ်ပေးနိုင် မည့် Black Box ကို Y-8 လေ ယာဉ်အမြီးပိုင်းတွင် တွေ့ရှိခဲ့ပြီး ပျက်ကျရသည့်အကြောင်းရင်းကို ဖော်ထုတ်နိုင်ရေးဆောင်ရွက် နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ဇွန်လ ၁၅ ရက်ကတွေ့ရှိခဲ့ သော Y-8 လေယာဉ်၏အမှတ် (၅၈၂၀) အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းကို ဇွန်လ ၁၈ ရက်နေ့လယ်တွင် ဆယ်ယူနိုင်ခဲ့ပြီး ယင်းအမြီးပိုင်းတွင် FRD-Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recoder Black Box ပါဝင်လာကြောင်း သတင်းထုတ်ပြန်ထားသည်။

Black Box သည်လေယာဉ်ပျံသန်းနေချိန်လေယာဉ်၏ အချက်အလက်အားလုံးကို မှတ်တမ်းတင်ပေးထားသည့်စက်ဖြစ်ပြီး ယင်းစက်ထဲတွင် လေယာဉ်မောင်းခန်းထဲမှ အသံများကို ၂၅ နာရီကြာဖမ်းယူနိုင်ထားနိုင်သော Cockpit Voice Recorder လည်းပါဝင်ကြောင်း ကျွမ်းကျင်သူများက ရှင်းပြသည်။ရေအောက်ပေ ၁၁၅ ပေခန့်တွင် ရှိနေသောလေယာဉ်အမြီးပိုင်းကို လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ ရောက်အောင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲ၌ ရေယာဉ်ကြီးတစ်စီးပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။ လေယာဉ်အမြီးပိုင်း နေရာဝန်းကျင်တွင် လေယာဉ်အပိုင်းအစအ ချို့ကို ထပ်မံတွေ့ရှိခဲ့ပြီး ဆယ်ယူ ခဲ့ကြောင်းသတင်းထုတ်ပြန်ထား သည်။

Black Box တွေ့ရှိပြီးနောက် လေယာဉ်ပျက်ကျရသည့် အ ကြောင်းရင်းသိရန် နီးစပ်ပြီဖြစ် သည့်။ လေယာဉ်ပျက်ကျမှုဖြစ် စဉ်ကို မြန်မြန်ဆန်ဆန် ထုတ်ပြန် ပေးစေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မှတ်ချက် များ ဝင်ရောက်ရေးသားခဲ့သည်။ ပျက်ကျရသည့် အကြောင်းရင်း ကို ဖော်ထုတ်နိုင်ရေးဆောင်ရွက် နေကြောင်းတပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးက ဆက်လက် သ တင်းထုတ်ပြန်ထားသည်။ လေ ယာဉ်၏ ကျန်အစိတ်အပိုင်းများ ကို တပ်မတော် (ရေ) မှ စစ်ရေ ယာဉ်များ၊ ဒေသခံငါးဖမ်းစက် လှေများ၊ ကျွမ်းကျင်ရေငုပ်စစ် သည်များ ပူးပေါင်း၍ဆက်လက် ရှာဖွေနေကြောင်း သတင်းထုတ် ပြန်ထားသည်။

ပျောက်ဆုံးနေသူများကို ဇွန်လ ၁၈ ရက်ကရှာဖွေမှုတွင် အမျိုးသားရုပ်အလောင်း တစ် လောင်းထပ်မံတွေ့ရှိခဲ့ပြီး စုစု ပေါင်းရုပ်အလောင်း ၉၂ လောင်း တွေ့ရှိထားသည်။ လေ ယာဉ်ပေါ် တွင် ၁၂၄ ဦးလိုက်ပါ၍ ၃၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

ပျက်ကျသော Y-8 လေ ယာဉ်သည်တရုတ်ကုမ္ပဏီထုတ် ဖြစ်၍ ယခုတွေ့ရှိသော Black Box ကိုပြည်တွင်း၌ စစ်ဆေးမည် လား၊ ပြည်ပ၌ စစ်ဆေးမည်လား ဆိုသည်ကို မသိရသေးပေ။

Related Posts





ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook

တပ်မတော် Y-8 လေ ယာဉ်ပျက်ကျမှုမှ ပျောက်ဆုံးနေသူများကို ယနေ့ (ဇွန်လ ၁၅)နံနက် က ရှာဖွေမှုတွင် ကျား/မ မခွဲခြားနိုင်သော ရုပ်အလောင်း သုံး လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မောင်းမကန်-မရင်းကြီးကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက အဆိုပါ ရုပ်အလောင်း သုံး လောင်းကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် တွေရှိခြင်းဖြစ်သည်။ ယမန်နေ့(ဇွန် ၁၄ ) ည ရှာဖွေမှုတွင် လောင်းလုံဘုတ်ကျွန်း၏တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ ခရီးဆောင်အိတ် ၁ လုံး၊ အရာရှိစိစစ်ရေးကဒ် ၁ ကဒ်၊ မှတ်ပုံတင်ကဒ် ၂ ကဒ် အပါအ၀င် အ၀တ်အထည် အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၇ ရက်မှ စတင်သည့် ရှာဖွေကယ်ဆယ်ရေးကာလအတွင်း စုစုပေါင်းရုပ်အလောင်း ၉၀ ရှာဖွေတွေ့ရှိ ထားခြင်းဖြစ်သည်။
တပ်မတော် Y-8 လေ ယာဉ်ပျက်ကျပျောက်ဆုံးနေသူ များအနက် ရုပ်အလောင်း ၈၇ လောင်း ရှာဖွေတွေ့ရှိထား ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားပြီး ၃၅ ဦး ပျောက် ဆုံးနေဆဲဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇွန်လ ၁၃ ရက် ညနေ ၆ နာရီခန့်အထိ သတင်း ထုတ်ပြန်မှုတွင် ဇွန်လ ၁၃ ရက် က အမျိုးသားရုပ်အလောင်း နှစ် လောင်း၊ ကျား/မ မခွဲခြားနိုင် သော ရုပ်အလောင်းတစ်လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလာင်း ၈၆ လောင်းတွေ့ရှိ ပြီဖြစ်ကြောင်း ပါရှိသည်။

ယနေ့ (ဇွန်လ ၁၄ ရက်) တပ်မတော် Y-8 လေယာဉ် ပျက်ကျသည့် ရှစ်ရက်မြောက်ဖြစ် သည်။ ထို့အပြင် ပျောက်ဆုံးနေ သူများကို ရှာဖွေမှုများ ဆက် လက်ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

တပ်မတော် လေယာဉ် Y- 8 တွင် တပ်မတော်သား၊ တပ်မ တော် မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများအပါအ ၀င် ၁၂၂ ဦး လိုက်ပါသွားခဲ့ပြီး လောင်းလုံးမြို့နယ်နှင့် ထိပ်စပ် နေသော ပင်လယ်ပြင်အတွင်း ဇွန်လ ၇ ရက်က ပျက်ကျခဲ့ခြင်းဖြစ် သည်။ ယင်းဖြစ်စဉ်ကို တပ်မ တော်က စုံစမ်းစစ်ဆေးနေသည်။

တပ်မတော် Y-8 လေယာဉ်ပျက်ကျမှု ပျောက်ဆုံးနေသူများကို ရှာဖွေနေစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်)


တပ်မတော် Y-8 လေ ယာဉ်ပျက်ကျမှုမှ ပျောက်ဆုံးနေသူများကို ရှာဖွေသည့် ရှစ်ရက်မြောက်နေ့တွင် ရုပ်အလောင်း တစ်လောင်းသာ တွေ့ရှိပြီး စုစုပေါင်း ၈၇ လောင်း ရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ရှာဖွေရေးလုပ်ငန်း ရှစ်ရက် မြောက်နေ့ ဇွန်လ ၁၄ ရက်က အမျိုးသား ရုပ်အလောင်းတစ် လောင်းသာ ရှာဖွေတွေ့ရှိခဲ့သည်။ ဇွန်လ ၁၃ ရက်က သုံးလောင်း တွေ့ရှိခဲ့ပြီး ရုပ်အလောင်းတွေ့ရှိ မှုသည် တစ်ရက်ထက်တစ်ရက် နည်းပါးလာသည်။ စုစုပေါင်း ၈၇လောင်းရရှိထား၍ ပျောက်ဆုံးနေ သူ ၃၅ ဦး ကျန်ရှိနေသေးသည်။

ဇွန်လ ၇ ရက်ကစတင်သည့် ရှာဖွေကယ်ဆယ်ရေးကာလအ တွင်း အမျိုးသားရုပ်အလောင်း ၄၁ လောင်း၊ အမျိုးသမီးရုပ်အ လောင်း ၂၈ လောင်း၊ ကလေးရုပ် အလောင်း ၁၂ လောင်းနှင့် အမျိုး သား၊ အမျိုးသမီး မခွဲခြားနိုင်သည့် ရုပ်အလောင်းခြောက်လောင်း ဆယ်ယူရရှိထားသည်။ ပျောက် ဆုံးနေသူများကို ဆက်လက်ရှာ ဖွေနေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျမှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌထံသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

Y-8 လေယာဉ် ပျက်ကျမှု ဖြစ်ရပ်အတွက် ဇွန်လ ၉ ရက်က စင်ကာပူနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းနှင့် စင်ကာပူကလပ် နီဂါတာအသင်း ခြေစမ်းပွဲမတိုင်မီ တစ်မိနစ်ငြိမ်သက် ဆုတောင်းပေးခဲ့သည်။ ထို့အပြင် ဇွန်လ ၁၃ ရက်တွင် မကာအိုနိုင်ငံ ၌ ကျင်းပမည့် မကာအိုနှင့် မြန်မာ အသင်းတို့ ယှဉ်ပြိုင်မည့် အာရှ ဖလားခြေစစ်ပွဲ ပွဲမစတင်မီ ၀မ်း နည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်မည်ဖြစ်သည်။

လူ ၁၂၂ ဦး လိုက်ပါခဲ့သော တပ်မတော် ပို့ဆောင်ရေးလေ ယာဉ်တစ်စီးသည် လောင်းလုံးမြို့ နယ်နှင့် ထိစပ်နေသော ပင်လယ် အတွင်း ဇွန်လ ၇ ရက်က ပျက်ကျ ခဲ့ခြင်းဖြစ်သည်။
တပ်မတော်Y-8 လေ ယာဉ်ပျက်ကျမှုတွင် ပျောက်ဆုံး နေသူများကို ရှာဖွေရာ၌ ငါးရက်မြောက်နေ့တွင် ရုပ်အလောင်း ၂၆လောင်းတွေ့ရှိပြီး စုစုပေါင်း ၅၉ လောင်း တွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးကသတင်းထုတ်ပြန်သည်။

လေယာဉ်ပျက်ကျသည့် နေ ရာဝန်းကျင်တွင် ဇွန်လ ၁၁ ရက် က ရာသီဥတုကောင်းမွန်ခဲ့ပြီး တစ်နေ့တည်း ရုပ်အလောင်း ၂၆ လောင်းအထိ ရှာဖွေတွေ့ရှိ ခြင်းဖြစ်သည်။ ဇွန်လ ၁၁ ရက် တွင် မောင်းမကန်ကမ်းခြေတစ် လျှောက်ဖြန့်ခွဲထားသည့် မြေပြင် တပ်များနှင့် ဒေသခံများက အမျိုး သားရုပ်အလောင်း ရှစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်း နှင့် ကျား၊မ မခွဲခြားနိုင်သော ရုပ် အလောင်းတစ်လောင်း တွေ့ရှိခဲ့ သည်။

ထို့အပြင် လောင်းလုံးဘုတ် ကျွန်းအနီး၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ် နှစ်စီးက အမျိုးသားရုပ်အလောင်း လေးလောင်းနှင့် အမျိုးသမီးရုပ် အလောင်းနှစ်လောင်း၊ဒေသခံငါး ဖမ်းလှေများက အမျိုးသားရုပ် အလောင်း ၁ဝလောင်းရှာဖွေတွေ့ ရှိခဲ့ကြောင်း တပ်မတော်က သ တင်းထုတ်ပြန်သည်။

ပျောက်ဆုံးနေသူများကို စ တင်ရှာဖွေသည့် ဇွန်လ ၈ ရက်က ရုပ်အလောင်း ၂၉ လောင်းတွေ့ရှိ ခဲ့ပြီး ဇွန်လ ၉ ရက်နှင့် ၁၀ ရက် တွင် ရာသီဥတုဆိုးရွားနေ၍ ရှာ ဖွေရေးအခက်အခဲကြုံကာ ရုပ်အ လောင်းလေးလောင်းသာ ရှာဖွေ နိုင်ခဲ့သည်။

ရှာဖွေတွေ့ရှိထားသည့် ရုပ် အလောင်း ၅၉ လောင်း မှာ တပ် မတော်အရာရှိရုပ်အလောင်း သုံးလောင်းနှင့်စစ်သည် ရုပ်အ လောင်းနှစ်လောင်းအပါအ၀င် အမျိုးသားရုပ်အလောင်း ၂၆ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၃ လောင်း၊ ကလေးရုပ်အ လောင်း ကိုးလောင်းနှင့်ကျား၊မ မခွဲခြားနိုင်သည့် ရုပ်အလောင်းတစ် လောင်းဖြစ်သည်။ ပျက်ကျသည့် တပ်မတော်လေယာဉ် Y-8 တွင် တပ်မတော်သား၊ တပ်မတော် သားမိသားစုဝင်များနှင့် လေ ယာဉ်အမှုထမ်းများအပါအ၀င် ၁၂၂ ဦးလိုက်ပါခဲ့၍ ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

‘‘သေဆုံးသွားသူတွေရဲ့ ရုပ် အလောင်းအကောင်းတိုင်းရဖို့ အ များဆုံး လေးရက်၊ ငါးရက်ပဲ အ ချိန်ရတော့မယ်။ အဲဒီထက်ကြာ ရင် ပျက်စီးပြီး ပြန်မြုပ်သွားမှာ။ ပင်လယ်ရေ(ဆားရေ)နဲ့ဆို ရက် နည်းနည်းလောက်ပိုခံမယ်။ လှိုင်း ပြင်းလို့ လှိုင်းပုတ်ရင်တော့ တာ ရှည်မရနိုင်ဘူး။ ဒီနေ့(ဇွန်လ ၁၁ ရက်)က အလောင်းပေါ်ပြီး မျော တဲ့လမ်းကြောင်းကို ရှာတွေ့သွား လို့ အများကြီးရလိုက်တာ’’ ဟု လောင်းလုံးမြို့ဒေသခံ ပရဟိတ ဆရာတော်တစ်ပါးက မိန့်ကြား သည်။

ညဥ့်နက်ပိုင်းသည် ရေစစ် ချိန်ဖြစ်၍ သေဆုံးသူရုပ်အ လောင်းများ ထပ်မံရနိုင်ကြောင်း ဆရာတော်က မိန့်သည်။

ဇွန်လ ၁၁ ရက်ရှာဖွေမှုတွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က စမ်း လှမ်းကျေးရွာကမ်းခြေ၌ အခြေပြု ဦးဆောင်ပြီး စစ်ဦးစီးအရာရှိချုပ် (လေ)က ရဟတ်ယာဉ်ဖြင့် လိုက် ပါ၍ အနီးကပ်ကြီးကြပ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။ ထို့အပြင် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ တပ်မ တော်(လေ)မှ လေယာဉ်၊ ရဟတ် ယာဉ်များ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်း စက် လှေများပူးပေါင်း၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေကြောင်း သတင်းထုတ်ပြန် သည်။

တပ်မတော်၏ သယ်ယူပို့ ဆောင်ရေးလေယာဉ်ယခုကဲ့သို့ ပျက်ကျမှုသည် တပ်မတော်၏ သမိုင်းတွင် ပထမဆုံးနှင့် အဆိုး ရွားဆုံးဖြစ်ပြီး ယင်းလေယာဉ်ကို မရရအောင်ရှာမည်ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
ပျက်ကျသွားတဲ့ လေယာဉ်နဲ့ပတ်သက်ပြီး ဒီနေ့ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်းတွေလုပ်နေတဲ့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားနေတယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ နေရာတစ်ဝိုက်မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန် ကြောင့် ရာသီဥတုဆိုးရွားနေတာဖြစ်ပြီး လှိုင်အမြင့် ၉ ပေခန့်နဲ့ လေတိုက်နှုန်းတစ်နာရီ ၁၅ မိုင်ကနေ မိုင် ၂၀ အတွင်းရှိနေတာမို့ တပ်မတော်မှ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စစ်ရေယာဉ်တွေ၊ ဒေသခံ ငါးဖမ်းစက်လှေ တွေဟာ ရာသီဥတုကောင်းမွန်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လုပ်သွား မယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇွန်လ ၇ ရက်က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လေယာဉ်အစိတ်အပိုင်းနဲ့ ရုပ်အလောင်း ၃၃ လောင်းကို ဆယ်ယူ ရရှိထားတာဖြစ်ပါတယ်။
ပျက်ကျခဲ့သော တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်ကို မရရအောင်ရှာမည် ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကတိပေးပြောကြားသည်။

‘‘ရှာမှာ။ ရှာမှာပါ။ မတွေ့လို့ တော့မရဘူး။ တွေ့အောင်ရှာရ မှာပါ။ မရရအောင်ရှာပါ့မယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က 7Day သတင်းထောက်၏ မေးမြန်းမှုကို ကတိပေးဖြေကြားသည်။

ပျက်ကျခဲ့သည့် လေယာဉ်တွင် ပါဝင်သူများ၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၀ ရက် နေ့လယ်က နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သည်။

ထို ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြော ကြားခြင်းဖြစ်သည်။

ထို့အပြင် လေယာဉ်ပျက်ကျမှုသည် နိုင်ငံ၏ ဧရိယာတွင်ရှိနေ၍ ရှာတွေ့ရန် နီးစပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မြေပြင်အခြေအနေ တွင် ရာသီဥတုဆိုးရွားနေသဖြင့် လေယာဉ်ရှာဖွေရေးလုပ်ငန်းများ ကို စောင့်ဆိုင်းလုပ်ကိုင်နေရသည်။ လေယာဉ်ပျက်ကျသည်ဟု ယူဆ ရသည့် ယခုရှာဖွေနေသော နေရာ ၏ ရေမျက်နှာပြင်အနက်သည် ၃၅ မီတာ (၁၁၄ ပေကျော်)သာရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

‘‘ဒီကာလ မျိုးတွေမှာပဲ Source တစ်ခုကျွန်တော်တို့ရပါ တယ်။ ကျွန်တော်တို့လေယာဉ် ပျက်ကျတယ်လို့ ယူဆရတဲ့ တစ် ၀ိုက်မှာပဲ နောက်ထပ်အထောက် အထားတွေတွေ့နေရတယ်လို့ သတင်းတစ်ခုရပါတယ်။ ကျွန် တော်ထင်ပါတယ်။ ဒီဟာသာမှန် မယ်ဆိုရင်တော့ လေယာဉ်ပျံကို တွေ့မယ်လို့ ယူဆပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။ သို့သော် လေယာဉ်ကို တွေ့ရှိပြီးမှသာ ထပ်မံပြောကြားမည်ဟု တပ်ချုပ်က ဆက်လက်ပြောသည်။

တပ်မတော်၏ သယ်ယူပို့ ဆောင်ရေးလေယာဉ် ယခုကဲ့သို့ပျက်ကျမှုသည် တပ်မတော်၏ သမိုင်းတွင် ပထမဆုံးနှင့် အဆိုး ရွားဆုံးဖြစ်သည်ဟု ကာကွယ် ရေးဦးစီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။ ‘‘တပ်မတော်ရဲ့ သမိုင်းမှာ ဒါ မျိုးမဖြစ်ခဲ့ဖူးပါဘူး’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

လေယာဉ်ပျက်ကျသည်ဆို ပါက ပေါက်ကွဲပစ္စည်းများ၊ လေယာဉ်မောင်းအားနည်းချက်၊ ရာ သီဥတုဆိုးရွားခြင်းနှင့် စက်ပိုင်းဆိုင်ရာချွတ်ယွင်းခြင်း စသည့်အ ချက်များကို ထည့်သွင်းတွက်ချက် ရကြောင်း ၎င်းက ဆက်ပြော သည်။ ‘‘ဖြစ်နိုင်ခြေကတော့ ရာသီ ဥတုကြောင့်လို့တော့ ယူဆရပါ တယ်’’ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆိုသည်။ လေယာဉ်ပျက်ကျသည့်အ ချိန် ရေဒါများတွင် တိုင်းတာရရှိ ချက်များအရ အတတ်နိုင်ဆုံးသေ ချာအောင်လုပ်ဆောင်နေကြောင်းနှင့် ယင်းနေ့ကဖြစ်ပေါ်ခဲ့သည့် တိမ်တိုက်၏ ထုထည်ကို တိုင်းတာစစ်ဆေးနေကြောင်း ကာ ကွယ်ရေးဦးစီးချုပ်က ဖြည့်စွက် ပြောကြားသည်။

ယင်းလေယာဉ်ပေါ်တွင် မောင်းနှင်သူ တစ်ဦး တွဲဖက်လေ ယာဉ်မှူး နှစ်ဦးနှင့် စက်မှုလက်မှု အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း လေးဦးပါရှိပြီး လေယာဉ်မှူး သုံး ဦးတွင် နှစ်ဦးသည် ယင်းလေယာဉ်ကို နာရီပေါင်း နှစ်ထောင်ကျော် မောင်းနှင်ထားသည့်အတွေ့အ ကြုံရှိသည်ဟု ၎င်းက ပြောသည်။ အင်ဂျင်နီယာအရာရှိတစ်ဦးပါ Y-8 လေယာဉ်ပေါ်တွင် ပါရှိခဲ့ သည်ကိုလည်း ပြောသည်။ Y−8 လေယာဉ်ပျက်ကျမှုတွင် ရာသီ ဥတုကိုထည့်သွင်းစဉ်းစားရန် လို အပ်ကြောင်း CNN သတင်းဌာန ၏ မိုးလေ၀သပညာရှင်က အကြံပြုထားသည်။

ထို့အပြင် Y-8 လေယာဉ် ပျက်ကျမှုဖြစ်စဉ်ကို ဇွန်လ ၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စတင်သ တင်းရရှိမှု၊ ယင်းလေယာဉ်၌ ပါရှိ သည့်ဆီဖြင့် မောင်းနှင်နိုင်သည့်အ ချိန်ထိ သတင်းစောင့်ဆိုင်းခဲ့ပြီး တစ်ချိန်တည်းတွင် ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများ ပြင်ဆင် လုပ်ဆောင်ခဲ့မှု၊ လေယာဉ်ပျောက် ဆုံးကြောင်း သေချာသည့် အချိန် ကစ၍ သတင်းထုတ်ပြန်မှုအခြေ အနေများကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ လေယာဉ်နှင့် ပတ်သက်ကာ ရေဒါများမှ နောက် ဆုံးဖမ်းယူရရှိသည့် အချက်အ လက်များနှင့် အခြားအကြောင်း အရာများဆက်စပ်၍ ဖြစ်နိုင်ခြေ ကိုစဉ်းစားသုံးသပ်ခဲ့မှု၊ ရာသီဥတု အခြေအနေအရ ထိုအချိန်ကဖြစ် စဉ်နေရာတစ်ဝိုက်တွင် လွန်စွာ ကြီးမားသည့် တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကို ထည့်သွင်း စဉ်းစား ရန်လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။

ယင်းလေယာဉ်နှင့်ပတ်သက် ၍ ၂၀၁၆ မတ်လတွင် တပ်မတော် သို့ နောက်ဆုံးရောက်ရှိခဲ့မှု၊ ခရီး သည်နှင့်ကုန်စည်ပို့ဆောင်ရေး တွင် များစွာစွမ်းဆောင်နိုင်၍ပြီး ခဲ့သည့်သဘာဝဘေးဒဏ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သက်သာချောင်ချိရေး ခရီးစဉ် များ ခေါက်ရေများစွာ ပျံသန်းအ သုံးပြုခဲ့မှု၊ တပ်မတော် (လေ) ၌ Safety နှင့်ပတ်သက်၍ စစ်ဆေးမှု အပိုင်းတွင် ၁၀၀ ရာခိုင်နှုန်းသတ် မှတ်လုပ်ဆောင်မှု၊ ၁၀၀ ရာခိုင် နှုန်းသတ်မှတ်သော်လည်း သ ဘောသဘာဝအရ ရာနှုန်းပြည့် မရနိုင်မှု စသည်တို့ကို ၎င်းကရှင်း လင်းသည်။

ကျန်ရစ်သူမိသားစုများ၏ ဘဝရပ်တည်မှုအတွက် အကောင်း ဆုံး လုပ်ဆောင်ပေးမည် ဖြစ် ကြောင်း တပ်ချုပ်ကပြောသည်။ ပျက်ကျလေယာဉ်တွင် ပါ ၀င်သူများ၏ ကျန်ရစ်သူမိသားစု များအတွက် အလှူရှင်အသီးသီး ၏ လှူဒါန်းငွေကျပ်သိန်း ၉,၉၀၀ ကျော် ပေးအပ်ခဲ့သည်။ ဇွန်လ ၇ ရက် မွန်းလွဲက ပျက်ကျခဲ့သော လေယာဉ်ကို တပ်မတော်နှင့် ပြည် သူများက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေရာ ဇွန်လ ၁၀ ရက် နေ့လယ်အထိ ရုပ်အလောင်း ၃၃ လောင်းဆယ်ယူရရှိထားသည်။


တပ်မတော်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းများတွင် ရာသီဥတုကိုထည့်သွင်းစဉ်းစား ရန် လိုအပ်ကြောင်း CNN သတင်းဌာန၏ မိုးလေဝသပညာရှင်က မှတ်ချက်ပြု ပြောကြားသည်။

ဇွန်လ ၇ ရက်က မြိတ်မှ ရန်ကုန်သို့ ဦးတည်ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည့် Y8-200F သယ်ယူပို့ဆောင်ရေးလေယာဉ်မှာပင် လယ်ထဲပျက်ကျသွားခြင်းဖြစ် ကြောင်း နောက်ပိုင်းတွင် တပ် မတော်က အတည်ပြုကြေညာခဲ့ သည်။

ဇွန်လ ၈ ရက်တွင် ကျောက်နီမော်ကျေးရွာ အနောက်ဘက် ကမ်းလွန်ပင်လယ်ရေပြင်၌ လေယာဉ်ပျက် အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကို စတင်တွေ့ ရှိခဲ့ပြီး လက်ရှိအချိန်တွင် ကယ် ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်နေ ဆဲဖြစ်သည်။

အစောပိုင်းသတင်းများ၌ ရာသီဥတုကြောင့် လေယာဉ်ပျက် ကျရခြင်းမဖြစ်နိုင်ဟု ဖော်ပြခဲ့ပြီး လေယာဉ်အဆက်အသွယ်ပြတ် တောက်သွားချိန်တွင် အဆိုပါဒေသ၌ ရာသီဥတုကောင်းမွန်နေ ကြောင်း မြိတ်လေဆိပ်မှ လေ ကြောင်းထိန်းသိမ်းရေးပညာရှင် ဦးကျော်ကျော်ဌေးက CNN ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက လေယာဉ်ထုတ် လုပ်သည့် တရုတ်ကုမ္ပဏီ Sha-anxi လေကြောင်းကော်ပိုရေးရှင်း နှင့် ပူးပေါင်းပြီး ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းမည်ဟု ကြေညာထားသည်။ လေယာဉ် သည် နောက်ဆုံးအဆက်အသွယ် ရရှိချိန်တွင် အမြင့်ပေ ၁၈,၀၀၀ ခန့် မှ ပျံသန်းနေခဲ့သည်။

CNN ၏ မိုးလေဝသပညာရှင် တွမ်ဆက်တာကမူ ထိုအချိန် က ဖြစ်တည်နေသည့် မိုးလေဝသအခြေအနေကို ဂြိုဟ်တုဓာတ်ပုံ များဖြင့် လေ့လာပြီးနောက် ပျက် ကျမှုအကြောင်းရင်းတွင် ရာသီ ဥတုကို မဖြစ်မနေထည့်တွက်သင့် ကြောင်း မှတ်ချက်ပေးခဲ့သည်။

‘‘အချိန်ကစိုစွတ်တဲ့ (မိုး)ရာသီပါ။ မိုးကြိုးမုန်တိုင်းတွေ၊ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ လေယာဉ်ပျောက်ဆုံးသွား တဲ့အချိန်မှာ အဲဒီလိုအခြေအနေ တွေ ထင်ထင်ရှားရှားရှိနေတာမျိုး တော့ မတွေ့ရပါဘူး။ လေယာဉ် မှူးက အမြင့်ပေ ၁၈,၀၀၀ လောက်ကနေပျံတဲ့အခါ အဲဒီနေရာမှာ အပူပိုင်းဇုန် မိုးရွာသွန်းမှုမျိုးရှိနေနိုင် တယ်။ လေယာဉ်က သဲသဲမဲမဲ မိုးရွာသွန်းတဲ့ အခြေအနေမျိုးနဲ့ ကြုံကောင်းကြုံခဲ့နိုင်တယ်။ ဒါ့အ ပြင် အဲဒီနေရာမှာ နောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအတွင်း မိုးတွေထပ်ရွာမယ် ဆိုတာကို လည်း ကျွန်တော်တို့ သိရှိထားပါ တယ်’’ဟု ဆက်တာက ပြော ကြားခဲ့သည်။

ဇွန်လ ၉ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဆိုးရွားမှုများ ကြုံတွေ့ရကြောင်း ဖော်ပြထားသည်။

—Ref: တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး FB၊ CNN
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်စဉ်တွင် သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်းအဆိုကို ဇွန်လ ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

Y-8 လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ထပ်တူထပ်မျှပူဆွေး၊ ဝမ်းနည်းကြေကွဲရပါကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရန် ဦးကျော်စိုးလင်းက တင်သွင်းခဲ့သည်။ ထို့အပြင် သေဆုံးသွားသူများနှင့် ပျောက်ဆုံးနေသူများအတွက် ပြည်ထောင်စုလွှတ်တော်တွင် နှစ်မိနစ် ငြိမ်သက်ကာ မတ်တတ်ရပ် မေတ္တာပို့သခဲ့သည်။

Fri, 2017-06-09 06:30 -- ထက်မြက်ခင်မို့မို့လွင်ခိုင်ခိုင်ထွန်း


လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသော လေယာဉ်နှင့်အတူ တွေ့ရသည့် ကိုရာဇာဝင်းတို့၏ ဓာတ်ပုံ (ဓာတ်ပုံ − လင်းထွန်း FB)

‘‘ပြန်လာပြီ၊ ကားငှားထားလိုက်’’

လေယာဉ်အမှတ် (၅၈၂၀) ပေါ်မတက်မီ နာရီဝက်ခန့်အလိုတွင် ဒေါ်တင်လေးက သားဖြစ်သူ ကိုဝေလင်းအောင်ထံ ဖုန်းဆက်မှာခဲ့ သည်။

ရန်ကုန်လေဆိပ်တွင် မိခင်ပါလာမည့်လေယာဉ်ကို မျှော်ရင်း ကိုဝေလင်းအောင်ကြားလိုက်ရသည်က တပ်မတော်လေယာဉ် ပျောက်ဆုံးသွားသည့်သတင်း။ဒေါ်တင်လေးသည် မြိတ် လေတပ်စခန်းဌာနချုပ်မှ တပ် ကြပ်စန်းဟိန်း၏ မိခင်ဖြစ်ပြီး ခွင့် ယူကာ ရန်ကုန်မြို့သို့ လိုက်ပါခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည့် ခရီးသည်စာရင်းတွင် ဖော်ပြထား သည်။

မိခင်၏ အခြေအနေကို အ တိအကျမသိရသေးဘဲ အသက် ရှင်ကျန်ရစ်ရန် မျှော်လင့်လျက် ရှိသည်။ သို့သော် မိခင်အတွက် ရည်စူးကာ သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်နေသည်ဟု ကိုဝေ လင်းအောင်က ပြောသည်။ ကိုဝေလင်းအောင်တစ်ယောက် စိုးရိမ်ပူပန်မှု ဒွိဟနှင့် ရောယှက်နေ သည်။ မိခင်အတွက် မျှော်လင့် ချက်ရှိသေးပြီး မိခင်အလောင်းကို မျက်မြင် မတွေ့ရမချင်း လက်မလျှော့သေးဟု ကိုဝေလင်းအောင် က ပြောသည်။

ဇွန်လ ၈ ရက်တွင် လေ ယာဉ်အစိတ်အပိုင်းအချို့နှင့် သေ ဆုံးသူအချို့၏ ရုပ်အလောင်းများ ကို ဆယ်ယူရရှိနေပြီဖြစ်ရာ ယင်း နေရာသို့ သွားရောက်ကြည့်ရှုရန် စီစဉ်နေသည်ဟု ကိုဝေလင်း အောင်က ပြောသည်။ ‘‘မနက်ဖြန်လိုက်သွားပြီး ကြည့်မယ်။ ကိုယ်တိုင်မမြင်သေး သ၍ မယုံသေးဘူး’’ဟု မိခင် ပျောက်သည့်သားက သူ၏မျှော် လင့်ချက်ကို ပူဆွေးဝမ်းနည်းစွာ ပြောသည်။

ဇွန်လ ၇ ရက်က ဖြစ်ရပ်ဆိုး ကြုံခဲ့ရသည့် လေယာဉ်အမှတ် (၅၈၂၀)ပေါ်တွင် လိုက်ပါခဲ့ကြ သော လူပေါင်းများစွာ၏ ကံကြ မ္မာကို လက်ရှိအချိန်အထိ မည်သူ မျှ မခန့်မှန်းနိုင်သေးပါ။ စစ်မှုထမ်း မိသားစုနှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာ သည့် လေယာဉ်ပျက်ကျမှုဖြစ်စဉ် တွင် ဇွန်လ ၈ ရက် ညနေ ၆ နာရီ အထိ အလောင်း ၃၁ လောင်း ဆယ်ယူရရှိသည်ကလွဲ၍ ကျန် သည့် လူပေါင်း ၉၁ ဦးမှာ မမျှော် မှန်းနိုင်သေးသည့် အခြေအနေ တွင်ရှိနေသည်။

ပင်လယ်ပြင်တွင် လေယာဉ် ပျက်ကျခြင်းဖြစ်ပြီး ၂၄ နာရီကျော် သည့်အထိ ရှာမတွေ့သေး၍ အ ဆိုး၊အကောင်း မျိုးစုံဖြစ်ပွားနိုင် သည့် အခြေအနေ၌ ရှိနေသော် လည်း လေယာဉ်ပေါ်ပါသူအချို့ ၏ မိသားစုဝင်များက မျှော်လင့် ချက်အချို့ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

မျှော်လင့်ချက်အချို့ဖြင့် စောင့်မျှော်နေကြသူများထဲတွင် ကိုမိုးအောင်လည်း ပါသည်။ အ ထူးသဖြင့် သူ၏ လူမမည် တူနှင့် တူမလေးကိုဖြစ်သည်။

၎င်း၏ မရီးဖြစ်သူ မအေး အေးငြိမ်းနှင့် ကလေးနှစ်ဦးသည် လေယာဉ်ပေါ်တွင် ပါသွားသူများ ဖြစ်သည်။ သားအမိသုံးဦး၏ ကံ ကြမ္မာသည် အကောင်းဘက်သို့ တွေး၍မရနိုင်သော်လည်း အ နည်းဆုံး တစ်ဦးလောက်တော့ အသက်ရှင်ကျန်ခဲ့ပါစေဟု မျှော်လင့်နေကြောင်း ကိုမိုးအောင်က ပြော သည်။

အသက်(၈)နှစ်အရွယ် မစု လတ်ရွှေရည်မင်းနှင့် အသက် (၁) နှစ်ကျော်အရွယ် မောင်ကောင်း ထက်နိုင်တို့သည် မအေးအေးငြိမ်း ၏ သမီးနှင့်သား ဖြစ်သည်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တွင် နေထိုင်သူများဖြစ်ပြီး မစု လတ်ရွှေရည်မင်းကို ရန်ကုန်မြို့၌ ဒုတိယတန်းကျောင်းအပ်ရန် လာ သည့်လမ်းခရီး၌ ယင်းကဲ့သို့ ကြုံ တွေ့ခဲ့ရခြင်းဖြစ်သည်။

လေယာဉ်ပေါ် မတက်မီ ရန်ကုန်က မိဘများထံဖုန်းဆက် ပြီး လာကြိုရန် မှာကြားခဲ့သည့် မအေးအေးငြိမ်းတို့ သားအမိသုံး ဦးကို ရန်ကုန်လေဆိပ်သို့ သွား ရောက်ကြိုဆိုခဲ့ကြသော်လည်း ရောက်မလာတော့ချေ။ လက်ရှိ တွင် မအေးအေးငြိမ်း၏ မိဘများ က ရန်ကုန်မှ ရှာဖွေရေးလုပ်ကိုင် နေသည့်နေရာသို့ သွားရောက်နေ ပြီဖြစ်ကြောင်း ကိုမိုးအောင်က ပြောသည်။ မအေးအေးငြိမ်းသည် ဗိုလ်မှူးမင်းသူရ၏ ဇနီးဖြစ်ပြီး အိမ်ထောင်သည်ခွင့်ဖြင့် ရန်ကုန် သို့ သွားရောက်သည်ဟု ဖော်ပြ ထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကထုတ်ပြန်သည့် လေယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များစာရင်းတွင် မအေး အေးငြိမ်းနှင့် ကလေးတစ်ဦးဟု သာ ဖော်ပြထားပြီး အခြားကလေး အမည်မပါဝင်ပေ။ ‘‘တူလေး ကောင်းထက်နိုင်က တစ်နှစ်ကျော် ပဲရှိသေးတယ်။ လေယာဉ်လက် မှတ်တွေနဲ့ တွက်လို့များ တူလေး ကစာရင်းထဲ မပါတာများလား’’ ဟု ဗိုလ်မှူးမင်းသူရ၏ညီ ကိုမိုး အောင်က သူ၏ မျှော်လင့်ချက်ကို ပြောသည်။

မိသားစုချင်းပြန်ဆုံရန် မျှော် လင့်ရင်းအဝေးဆုံးဝေးသွားရမည့် အခြေအနေနှင့် ကြုံနေရသူများရှိ သကဲ့သို့ ဆွေမျိုးများ မိသားစု လိုက် ပျက်ကျသောလေယာဉ်ပေါ်ပါသွား၍ ကြေကွဲနေသူများလည်း ရှိနေပါသည်။

ကိုရာဇာဝင်းတို့ မိသားစု သုံးဦးသည်လည်း တပ်မတော် လေယာဉ်အမှတ် (၅၈၂၀)၏ နောက်ဆုံးခရီးစဉ်တွင် လိုက်ပါခဲ့ ကြသူများဖြစ်သည်။ ကိုရာဇာဝင်း နှင့် ဇနီးမသန္တာ၊ ၎င်းတို့၏ တစ်ဦး တည်းသော သားငယ်လေးမောင် ဟိန်းသန့်စင်တို့ဖြစ်သည်။

ပုတီးကုန်းမြို့ တိုက်တော ကျေးရွာတွင် နေထိုင်သည့်၎င်းတို့ ၏ မိသားစုသည် အစ်မရှိသည့် မြိတ်မြို့မှ ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်သို့ သွားရောက် လည်ပတ်ပြီး အပြန်လမ်း၌ ဖြစ် ရပ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ် သည်။ ကိုရာဇာဝင်း၏အစ်မသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်ကြီးအောင်ကိုဦး၏ ဇနီးဖြစ်သည်။

‘‘သူတို့က လေယာဉ်တစ်ခါ မှ စီးဖူးတာမဟုတ်ဘူး။ တစ်သက် မှာတစ်ခါလေး လေယာဉ်စီးဖူး တာကို ဒီလိုအဖြစ်မျိုးကြုံရတာ’’ ဟု ကိုရာဇာဝင်း၏ ၀မ်းကွဲအစ်ကို ဦးနေလင်းထွန်းက ပြောသည်။

ဦးနေလင်းထွန်း ကံ ကောင်းခဲ့သည်။ မြိတ်သို့ မေလ၂၄ ရက်ကသွားရာ ကိုရာဇာဝင်း တို့မိသားစုနှင့် ဦးနေလင်းထွန်း ပါဝင်ခဲ့သည်။ အသွားခရီးစဉ်က လည်း ယခုပျက်ကျခဲ့သည့် လေ ယာဉ်အမှတ် (၅၈၂၀) ဖြင့်ပင် သွားခဲ့ကြောင်း ဦးနေလင်းထွန်း က ပြောသည်။

ဦးနေလင်းထွန်းသည်အလုပ် ကိစ္စကြောင့် ရက်ကြာကြာနေ၍ မရသဖြင့် မေလကုန်က ရန်ကုန် သို့ ပြန်လာခဲ့ပြီး ယင်းအဖြစ်ဆိုးမှ လွတ်မြောက်ခဲ့သည်။ သို့သော်ညီ ဖြစ်သူမိသားစုအတွက် ဝမ်းနည်းကြေကွဲရကြောင်း ၎င်းကဆိုသည်။

ကိုရာဇာဝင်း၏ မိခင်သည် သွေးအားနည်းရောဂါကြောင့် ဆေးရုံတက်နေရသဖြင့် လေ ယာဉ်ပျက်ကျသည့်အဖြစ်ကို ဖွင့် မပြောနိုင်သေးကြောင်း ဦးနေ လင်းထွန်းကဆိုသည်။

လက်ရှိတွင် ဗိုလ်ကြီးအောင် ကိုဦးသည် လေယာဉ်ပျက်ကို ရှာ ဖွေကယ်ဆယ်နေရသဖြင့် ကိုရာ ဇာဝင်းတို့မိသားစု၏ အခြေအနေ ကို စောင့်ကြည့်နေကြောင်း ဦးနေ လင်းထွန်းက ပြောသည်။

‘‘နောက်ဆုံးအထိတော့ မျှော်လင့်နေရတာပါပဲ’’ဟု ၎င်းကဆို သည်။

ရှာဖွေတွေ့ရှိသော ရုပ်အလောင်းတစ်ခုကို တပ်မတော်သားများက သယ်ဆောင်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ထားဝယ်မြို့မှ သုံးနာရီကျော်ကြာ ကားမောင်းရ သည့် စမ်းလှမ်းဆိုသော ပင်လယ် ကမ်းခြေရွာလေးအနီးရှိ ကမ်းခြေ တွင် ဇွန်လ ၈ ရက်က လူနာတင် ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ၊ တပ်မတော်ပိုင် လော်ရီကားကြီးများ ဖြင့် ရှုပ်ယှက်ခတ်နေသည်။

‘‘ထားဝယ်မှာ ရှိသမျှ ဆေးရုံ ကားတွေ၊ နာရေးကားတွေ တော် တော်ဆင်းလာကြတာ။ မနေ့ည ကတည်းက တချို့ဆို တစ်ရေးမှ မအိပ်ရသေးဘူး’’ဟု လူမှုကရုဏာကူညီရေးအသင်းမှ ဦးနိုင်ဝင်းက ဒေသခံလူမှုရေးအသင်းအဖွဲ့ များ၏ကူညီရန် အားထုတ်မှုကို ပြောပြသည်။

၎င်းတို့သည် ဇွန်လ ၇ ရက် တစ်ညနေလုံး လေယာဉ်ပျက်ကျ သည်ဟု ကြားသည့်နေရာသို့ မီး သတ်ကားများ၊ ဆေးရုံကားများ၊ အရေးပေါ်ကားများ ယာဉ်တန်း ဖြင့် မောင်းနှင်ထားခဲ့သဖြင့် ခြေကုန်လက်ပန်းကျနေသော်လည်း ဇွဲမလျှော့ကြောင်း ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။

စမ်းလှမ်းကမ်းခြေတွင် ဇွန် လ ၈ ရက် မွန်းလွဲ ၂ နာရီခွဲ၌ ရှာ ဖွေကယ်ဆယ်ရေးများပြုလုပ်နေ သည့် တပ်မတော်ပိုင်သင်္ဘောကို ကမ်းစပ်မှ ခပ်ရေးရေးမြင်တွေ့နေ ရသည်နှင့် တပ်မတော်သားများ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်း အားလုံး လှုပ်လှုပ်ရွရွဖြစ်လာ သည်။ ကောင်းကင်ထက်မှ ကျယ်လောင်စွာ မောင်းနှင်သွားသော ရှာဖွေရေး ရဟတ်ယာဉ်အသံ ကြောင့်လည်း ပို၍ လှုပ်လှုပ်ရှား ရှားဖြစ်လာသည်။

‘‘ဆိပ်ကမ်းမရှိတော့ ရေ ယာဉ်က ကမ်းကပ်လို့ရမှာမဟုတ် ဘူး။ စက်လှေနဲ့ပဲ ကမ်းစပ်ကို ပြန် ကဲ့ရမယ်။ သင်္ဘောကိုတော့ ရေ လယ်မှာပဲ ကျောက်ချထားလိုက်’’ ဟု တပ်မတော်အရာရှိကြီးတစ် ဦးက သူ၏ရဲဘော်များကို ကမ်း ကပ်၍မရသည့်သင်္ဘောပေါ်မှ ရုပ် အလောင်းများအား စက်လှေပေါ် တစ်ဆင့် တင်ပြီး ကမ်းစပ်သို့သယ် ဆောင်ရန် ညွှန်ကြားနေသံကို ကြားရသည်။

တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 ပျက်ကျမှုမှ ပထမဆုံးရှာဖွေတွေ့ရှိသည့် ရုပ်အ လောင်း ၂၀ ကျော် ရောက်ရှိလာ တော့မည်ဖြစ်သောကြောင့် ကမ်း ခြေတွင် လှုပ်လှုပ်ရှားရှားဖြစ်နေ ခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေ ပြီး လှိုင်းကြီးမားသောကြောင့် တပ်မတော်ပိုင်ရေယာဉ်မှတစ်ဆင့် စက်လှေများပေါ်သို့ ရုပ်အ လောင်းများ ပြောင်းလဲတင် ဆောင်ရန် အခက်အခဲရှိသည့် ကြားမှ ရုပ်အလောင်းများကို သယ်ဆောင်သည်။

‘‘လှိုင်းက အရမ်းကြီးနေ တယ်။ သင်္ဘောပေါ်ကနေ အ လောင်းကို စက်လှေပေါ် ပြန်တင် ဖို့ လူတစ်ယောက်စာတောင် မတ် တတ်ရပ်လို့မရဘူး။ လှိုင်းက တော် တော်ဆိုးတာ’’ဟု တပ်မတော် သားတစ်ဦးက ပြောသည်။

လှိုင်းကြီးနေပြီး မိုးသည်းထန် စွာ ရွာသွန်းနေသည့်ကြားမှ မိုးရေကာအဖြူစများဖြင့် ထုပ်ပိုးလာ သည့် အလောင်းများတင်ဆောင် လာသော ပထမဆုံးစက်လှေမှာ စမ်းလှမ်းကမ်းခြေရွာလေးသို့ ကမ်းကပ်လာနိုင်ခဲ့သည်။

အသက်ကယ်အင်္ကျီဝတ် ဆင်ထားသော တပ်မတော်သား များက စက်လှေတွင် အပြည့်တင် ဆောင်လာသည့် အဖြူရောင်အ ထုပ်ကြီးများကို လှိုင်းမငြိမ်သည့် ကြားက ကမ်းစပ်မှ ထမ်းစင်ပေါ် သို့ စက်လှေပေါ်မှ ချပေးနေ သည်။

တစ်စပ်တည်းမှာပင် ကမ်း ခြေတွင် စုရုံးရောက်ရှိနေသော လူအုပ်ကြီးက ကမ်းစပ်သို့ အပြေး အလွှားဆင်းလာကြပြီး လှိုင်းများ ကြားထဲမှ ခက်ခဲစွာ ကမ်းကပ်လာ သည့်စက်လှေအနီးသို့ နီးနိုင်သမျှ နီးအောင်ကြိုးစားကာ တိုးဝှေ့ ကြည့်ရှုသည်။ သို့သော် လုံခြုံရေး တာဝန်ယူထားသော တပ်မတော် သားအချို့က လူအုပ်ကို အနား ကပ်မလာနိုင်ရန်နှင့် လမ်းမပိတ် စေရန် ကြိုးဖြင့် တားထားသည်။ ထို့နောက် တပ်မတော်သားများ က စက်လှေပေါ်မှ အဖြူရောင်အ ထုပ်များကို ထမ်းစင်ပေါ်တင်ကာ ကမ်းခြေတွင် ရပ်နားထားသော လော်ရီကားပေါ်သို့ သွားရောက် တင်ဆောင်နေကြသည်။ တပ်မ တော်သားများရော၊ လာရောက် ကြည့်ရှုသူများရော ၎င်းတို့မျက်နှာ အားလုံးတွင် စိတ်နှလုံးမသာမ ယာဖြစ်ကာ ဝမ်းနည်းစိတ်ထိခိုက် နေသည်ကို အတိုင်းသာတွေ့ရ ၏။

ဇွန်လ ၇ ရက်က မြိတ်မှ ရန် ကုန်သို့ အမြင့်ပေ ၁၈,၀၀၀ အ ထက်တွင် ပျံသန်းခဲ့သော တပ်မ တော်ပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျမှုမှ ပင်လယ်ပြင်တွင်ရှာ ဖွေတွေ့ရှိခဲ့သော ရုပ်အလောင်း များကို လောင်းလုံးမြို့နယ် စမ်း လှမ်းကမ်းခြေမှသယ်ယူ၍ ထား ဝယ်မြို့ တပ်မတော်ဆေးရုံသို့ ပို့ ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ် သည်။

လှိုင်းကြီးပြီး မိုးသည်းထန် စွာ ရွာသွန်းနေသည့် ပင်လယ်ထဲ တွင် တပ်မတော်ရေယာဉ်မှတစ် ဆင့် ရုပ်အလောင်းများကို စက် လှေများဖြင့် သယ်ဆောင်ကာ ကမ်းစပ်သို့ အခက်အခဲများကြား မှ နှစ်နာရီကျော်ကြာ အချိန်ယူပို့ ဆောင်ပေးခဲ့သည်။

လှိုင်းကြီးနေသော ကမ်းစပ် တွင် စက်လှေငယ်လေးမှတစ် ဆင့် ပြွတ်သိပ်တင်ဆောင်လာ သော စနစ်တကျထုပ်ပိုးထား သည့် ရုပ်အလောင်းများကို ပေါင် ရင်းလောက်မြုပ်သည့် ရေလှိုင်း များအကြား ထမ်းစင်ဖြင့် အကြိမ် ရေ ၁၅ ခေါက်ထက်မနည်း ကမ်း စပ်သို့တပ်မတော်သားများ၊မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ထမ်းပြီး ပို့ဆောင်ခဲ့ရသည့် Y-8 လေ ယာဉ်တွင်ပါဝင်သူတို့၏ နောက် ဆုံးခရီးလည်း ဖြစ်သည်။

လူ ၁၂၂ ဦး လိုက်ပါလာ သည့် တပ်မတော်လေယာဉ်သည် ဇွန်လ ၈ ရက် ညနေ၆ နာရီကျော် အထိ ရုပ်အလောင်း ၂၉ လောင်း နှင့် လေယာဉ်ဘီးတစ်ဘီးကိုသာ ရှာဖွေတွေ့ရှိထားသည်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ နောက်ဆုံးထုတ်ပြန်ချက်များအရ အမျိုးသား ၂ လောင်း၊ အမျိုးသမီး၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁လောင်းတွေ့ရှိ ပြီးဖြစ်သည်။

‘‘မနက်ဖြန်တော့ ကယ် ဆယ်ရေးအတွက် တချို့ကားတွေ က လာမှာ မဟုတ်လောက်တော့ ဘူး’’ ဟု နိဗ္ဗာန်ယာဉ်မောင်းနှင် သည့် အမျိုးသားတစ်ဦးက ပြော သည်။ အကြောင်းမှာ ရုပ်အ လောင်းသယ်ဆောင်ခြင်းကို တပ် မတော်သားများနှင့် တပ်မတော် ယာဉ်များကသာ ဆောင်ရွက်ခြင်း ဖြစ်၍ ဒေသခံအရပ်ဘက်အဖွဲ့ အစည်းများ အကူအညီသိပ်မလို နိုင်၍ဟု ၎င်းကဆိုသည်။ ထို့အ ပြင် မူလက ထားဝယ်ဆေးရုံတွင် ရုပ်အလောင်းများထားရှိမည်ဟု စီစဉ်ထားသော်လည်း တပ်မ တော်ဆေးရုံသို့သာရုပ်အလောင်း များအားလုံးကို သယ်ဆောင်သွား ခြင်းဖြစ်သည်။

‘‘တချို့ကျွန်းတွေပေါ်မှာ စက်အစိတ်အပိုင်းလို့ ယူဆရတဲ့ အပျက်အစီးတွေကို ဒေသခံငါး ဖမ်းရေယာဉ်တွေက တွေ့တယ် ဆိုပြီး သတင်းတွေထွက်လာ တယ်။ အဲဒီကျွန်းတွေက အရမ်း ဝေးတော့ တပ်မတော်လေယာဉ် တွေကပဲ နောက်ရက်တွေမှာ သွားရှာဖို့ အခြေအနေတွေရှိ တယ်’’ ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

မုတ်သုံဝင်နေပြီဖြစ်၍ ကပ္ပလီပင်လယ်ပြင်နှင့် တနင်္သာ ရီကမ်းရိုးတန်းတွင် ရာသီဥတုက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဖြစ်သည်။ သို့သော် မုတ်သုံမိုးနှင့် လှိုင်းလေများထန်နေသော အ ချိန်ပိုများ၏။ လှိုင်းလေထန်နေ သော်လည်း Y-8 လေယာဉ်ပေါ်မှ ကံဆိုးမိုးမှောင်ကျခဲ့သူများ၏ ရုပ် အလောင်းများ ဆယ်ယူရရှိရေး နောက်နေ့များ၌လည်း တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် တပ်မ တော်ရေယာဉ်၊ လေယာဉ်နှင့် တပ်မတော်သားများမုတ်သုံမိုးနှင့် လှိုင်းလေကိုအန်တု၍ ကြိုးပမ်းနေ ကြဦးမည်ဖြစ်သည်။
ဒီနေ့ မနက်ပိုင်းက မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစ်စီးဟာ ဆက်သွယ်မှုပြတ်တောက် ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်နဲ့ စစ်သည် မိသားစု ၁၀၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ ဦး စီးနင်းလိုက် ပါလာတာဖြစ်ပါတယ်။

ရန်ကုန် - ထားဝယ် - မြိတ် - ဘုတ်ပြင်း - မြိတ် - ရန်ကုန် ခရီးစဉ်ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၆ မိနစ်လောက်က ရန်ကုန်ကို ပြန်လည်ထွက်သွားတာဖြစ်ပါတယ်။ ပျံသန်းသွားတဲ့လေယာဉ်ဟာ ၁ နာရီ ၃၅ မိနစ်လောက်မှာ ထားဝယ်ကနေ အနောက်ဘက် မိုင် ၂၀ လောက်အရောက် ရုတ်တရက် ဆက်သွယ်မှုပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ပျောက်ဆုံးလေယာဉ်ကိုနောက်ဆုံးအဆက်အသွယ် ရရှိခဲ့တဲ့ နေရာတဝိုက်ကို တပ်မတော် ( ရေ) မှ စစ် သဘောင်္ လေးစီးနဲ့ တပ်မတော်(လေ)မှ လေယာဉ် နှစ်စီးတို့နဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဒီနေ့ မွန်းလွဲ ၂ နာရီကတည်းက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထားဝယ်ကနေ ၁၃၅ မိုင် ပင်လယ်ပြင်အတွင်းမှာ အပိုင်းအစတွေ့တယ်လို့ သတင်းတစ်ချို့တွေ့နေရပေ မယ့် တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ပျောက်ဆုံးနေဆဲအခြေအနေကိုသာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ဟာ Y - 8 200F အမျိုးအစားဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ် ၊မတ်လ မှာ နောက်ဆုံးရောက်ရှိခဲ့တဲ့ လေယာဉ်ဖြစ်ကာ တပ်မတော်(လေ) တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြု ခဲ့ပြီး ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


Shaanxi Y-8 သည် တာ လတ် ပျံသန်းနိုင်သည့် အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ် အမျိုးအစား ဖြစ်သည်။ Y-8 များ ကို တရုတ်နိုင်ငံရှိ Shaanxi လေ ယာဉ်ထုတ်လုပ်ရေး ကော်ပိုရေး ရှင်းက တပ်ဆင် ထုတ်လုပ်သည်။

ဆိုဗီယက်ခေတ်သုံး Antonov An-12များကို မှီငြမ်းကာ တရုတ်တွင် တည်ဆောက်ခွင့် လိုင် စင်ယူပြီး Y-8 လေယာဉ်များကို ၁၉၈၁ ၌ စတင်၍ စီးပွားဖြစ် ထုတ်လုပ် ရောင်းချခဲ့သည်။ An-12များကို ထုတ်လုပ်မှု ရပ်ဆိုင်း ခဲ့ပြီး ဖြစ်သော်လည်း တရုတ်တွင် မူ Y-8 များကို အဆင့်မြှင့်တင်ကာ မျိုးကွဲများ သတ်မှတ်ပြီးလက်ရှိ အ ချိန်ထိ ဆက်လက်တည်ဆောက် နေဆဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ထိ ခန့်မှန်းခြေ စာရင်းအရ Y-8 ၁၆၉ စီး ထုတ်လုပ်ခဲ့ပြီး ဖြစ် ကြောင်း ယူဆရသည်။

Y-8 များသည် အမြီးပိုင်း အောက်တွင် ပင်မတံခါးတပ်ဆင် ထားသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြစ်ပြီး စစ်သည် များ တင်ဆောင်ခြင်း၊ ထောက်ပံ့ ရေးပစ္စည်းများ ကြဲချခြင်း၊ လေထီး ဆင်း စစ်ဆင်ရေးများ ဆင်နွှဲခြင်း တို့အတွက် တာဝန်ထမ်းဆောင် နိုင်သည်။ ထို့အပြင်ကုန်တင် လေ ယာဉ်များ အနေဖြင့်လည်း စီးပွား ဖြစ် အသုံးပြုနိုင်သည်။

Y-8 တစ်စီး တင်ဆောင်နိုင် သည့် အလေးချိန် ပမာဏမှာ ခန့် မှန်းခြေတန် ၂၀ ဝန်းကျင် ဖြစ် သည်။ ပျမ်းမျှအားဖြင့်စစ်သည် ၉၆ ဦး (သို့မဟုတ်) ပစ္စည်းကိရိယာ အ ပြည့်အစုံပါရှိသည့် လေထီးဆင်း စစ်သည် ၈၂ ဦး (သို့မဟုတ်) ဒဏ် ရာရရှိထားသည့် စစ်သည် ၈၀ ခန့် နှင့် ဆေးဝန်ထမ်းသုံးဦးတို့ကိုတင် ဆောင် ပျံသန်းနိုင်စွမ်းရှိသည်။ ၂၀၀၀ ပြည့်လွန်နှစ်များတွင် Sha-anxi နှင့် Antonovတို့ ပူးပေါင်း ကာ လေယာဉ်၏ တောင်ပံနှင့် ကိုယ်ထည် ဒီဇိုင်းကို မွမ်းမံပြောင်းလဲခဲ့ပြီး အကျိုးဆက်အနေဖြင့် လောင်စာဆီ သယ်ဆောင်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းမျှ မြင့်တက်လာသည်။

Y-8 များကိုအဓိက အသုံးပြု မည့် ရည်မှန်းချက်အလိုက် အဆင် ပြေ ကိုက်ညီစေရန် မွမ်းမံ ပြောင်း လဲထားသော မျိုးကွဲများလည်း တည်ဆောက်လေ့ရှိသည်။ ဥပမာ အားဖြင့် Y-8Aများသည် ရဟတ် ယာဉ်များ ထည့်သွင်း သယ်ယူရန် Y-8B များသည် ခရီးသည် တင် ဆောင်မှု အဓိကရည်ရွယ်ထား ခြင်းဖြစ်သည်။Y-8F-100 တွင် ပိုမိုအားကောင်းသော အင်ဂျင် များ၊ ရာသီဥတု ထောက်လှမ်းရေးရေဒါများနှင့် အဆင့်မြင့် နည်းပညာများတပ်ဆင်ထားသည်။

Y-8တစ်စီး၏ အရွယ်အစား သည် အလျား ၃၄ မီတာနှင့် အမြင့် ၁၁ မီတာရှိသည်။ တောင်ပံနှစ် ဖက်ကြား အလျားမှာ ၃၈ မီတာ ရှည်လျားသည်။ တောင်ပံတစ် ဖက်စီတွင် မြင်းကောင်ရေ ၄,၂၅၀ စက်အားရှိသော WJ-6 အင်ဂျင် နှစ်လုံးစီ (စုစုပေါင်း လေးလုံး) တပ် ဆင်ထားသည်။

Y-8များသည် အမြင့်ဆုံးမြန် နှုန်း တစ်နာရီ ၆၆၀ ကီလိုမီတာ ထိ ပျံသန်းနိုင်ပြီးဆီအပြည့် ဖြည့် ထားပါက ကီလိုမီတာ ၅,၆၀၀ မျှထိ ခရီးပေါက်နိုင်သည်။ ထို့အပြင် ပင်လယ်ရေမျက်နှာပြင် အထက် ၁၀,၄၀၀ မီတာ အမြင့်ထိ တက် ရောက်နိုင်စွမ်းရှိသည်။

Y-8များနှင့် ပတ်သက်၍ လက်ရှိ အချိန်ထိ ထင်ရှားလူသိ များသည့် လေကြောင်းမတော်တ ဆမှုနှစ်ကြိမ် ကြုံတွေ့ခဲ့ပြီးဖြစ် သည်။ တရုတ်လေတပ်၏ လေ ကြောင်းရန် သတိပေးမှုတာဝန် ထမ်းဆောင်နေသည့် Y-8 မျိုးကွဲ KJ-200 တစ်စီး ၂၀၀၆ ဇွန်လ၃ ရက်က အန်ဟွာပြည်နယ်ရှိ ဂွမ်ဒီ မြို့အနီး ပျက်ကျခဲ့ဖူးသည်။ ထိုစဉ် က လေယာဉ်ပေါ် လိုက်ပါလာသူ ၄၀ စလုံး သေဆုံးခဲ့သည်။ ဒုတိယ ဖြစ်ရပ်မှာ မြန်မာ့တပ်မတော် (လေ)မှ စစ်သည်များ၊ မိသားစုဝင် များကို တင်ဆောင်လာသည့် Y-8 တစ်စီး ၂၀၁၇ ဇွန်လ ၇ ရက်က နိုင်ငံတောင်ပိုင်း ထားဝယ်မြို့အ နီးတွင် ပျက်ကျခြင်းဖြစ်သည်။ ထို ဖြစ်စဉ်နှင့် ပတ်သက်၍ ကယ်ဆယ် ရေးနှင့် ရုပ်အလောင်းများ ရှာဖွေ ရေးတို့ကို ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

Y-8များကို တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ လေ တပ်နှင့် ရေတပ်၊ မြန်မာ့ တပ်မ တော်(လေ)၊ ပါကစ္စတန် လေတပ်၊ ဆူဒန်လေတပ်၊ တန်ဇန်းနီးယားလေတပ်၊ ဗင်နီဇွဲလား လေတပ်တို့တွင် လက်ရှိအသုံးပြုလျက်ရှိသည်။

ယခင်က သီရိလင်္ကာ လေတပ်တွင် Y-8 သုံးစီး အသုံးပြုခဲ့ဖူးသော်လည်း ယခုအခါ လေယာဉ်အားလုံး ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Related Videos


ပျက်ကျလေယာဉ်ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ပင်လယ်ပြင်မှာ သီဥတုဆိုးရွားနေ
ပျက်ကျလေယာဉ်တွင် ရှာဖွေတွေ့တဲ့ ရုပ်အလောင်းအချို့ကို သဂြိုလ်
ပျက်ကျသွားတဲ့ တပ်လေယာဉ်မှာပါသွားသူတွေကို ဆယ်ယူနေဆဲ
လေယာဉ်ပျက်ကျရာနေရာမှာ ရောက်နေတဲ့ 7Day TV ရုပ်သံသတင်းထောက်ရဲ့ တိုက်ရိုက်သတင်းပေးပို့မှု
စစ်သည်နဲ့ မိသားစု ၁၂၀ ဦးပါတဲ့ လေယာဉ် မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်းပျောက်ဆုံးနေ