၂၀၁၇ လည်ပြန်

  • Thu 28 Dec 2017 - 11:52
    ဒီချုပ်အစိုးရသက်တမ်း တစ် နှစ်ကျော်အတွင်း ၂၀၁၇ တွင် မြန်မာ့ပညာရေး လမ်းကြောင်းမှန်ပေါ် ရောက်လာမည်ဟု ပြည်သူအများက မျှော်လင့်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအလွှာတိုင်းအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သော်လည်း ပြည်သူလိုလားသော အခြေခံကျကျပြောင်းလဲမှုများနှင့် ဝေးကွာနေဆဲဖြစ်ကြောင်း ပညာရေး ကျွမ်းကျင်သူများကသုံးသပ်သည်။  
  • Thu 28 Dec 2017 - 11:50
    ၂၀၁၇ သည် မြန်မာနိုင်ငံ၏ ခရီး သွားကဏ္ဍတွင် တိုးတက်မှုနှင့် ဆုတ် ယုတ်မှုတို့ကို  ကြုံတွေ့ခဲ့ရပြီး ခရီး သွားကဏ္ဍနှင့် ဆက်စပ်သော လုပ်ငန်းရှင်များအတွက် မျှော်မှန်းထားသလောက် တွက်ခြေမကိုက်သည့် နှစ်တစ်ခု ဖြစ်ခဲ့သည်။
  • Thu 28 Dec 2017 - 11:47
    ပင်လုံမြို့တွင် ပြုလုပ်သော ပြည်ထောင်စုနေ့အခမ်းအနား၌ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ မိသားစုဝင်အချို့ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)  
  • Thu 28 Dec 2017 - 11:38
    ‘‘ဒါကတော့ တိုင်းဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ တိုင်းဝန်ကြီးချုပ်က အဓိကပဲနော်။ ကောင်းကောင်းထောင်းထား။ တိုင်းဝန်ကြီးချုပ်က ပြည်သူလူထု တွေက မဲပေးလို့ရောက်လာတဲ့ ဝန်ကြီးချုပ်။ အဲဒါကြောင့် ကိုယ့်မှာ ခိုင်းပိုင်ခွင
  • Thu 28 Dec 2017 - 11:26
    ယခုနှစ်အတွင်း လူသေ ဆုံးမှု စံချိန်တင်သည့် မီးလောင်မှု နှင့် ဆုံးရှုံးမှုတန်ဖိုး စံချိန်တင်သည့် မီးလောင်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။
  • Thu 28 Dec 2017 - 11:22
    ၂၀၁၇ သည်မြန်မာနိုင်ငံအတွက် ပြဿနာများနှင့်အကျပ်အတည်း များစွာကို သယ်ဆောင်လာခဲ့သည့်နှစ်ဖြစ်သည်။ ဒီချုပ်အစိုးရ၏ဒုတိယ မြောက်သက်တမ်းကို ပြည်သူများက မျှော်လင့်ချက်များစွာထားခဲ့သော် လည်း ထင်ထားသလိုဖြစ်မလာသည့် နှစ်လည်းဖြစ်ပါသည်။   
  • Thu 28 Dec 2017 - 11:19
    ၂၀၁၇ တစ်နှစ်တာအတွင်း ဝင်ရောက်ကြည့်ရှုမှုအများဆုံးသတင်း ဆောင်းပါးမှာ ‘‘ သိန်းတစ်သောင်း ကံထူးရှင်ကြီး၏ စိတ်ကူးများ’’ ဖြစ်ပါသည်။ အဆိုပါ ကျပ်သိန်းတစ်သောင်း ပထမဆုံးကံထူးရှင် အကြောင်း  ရေးသားခဲ့သော အဆိုပါ ဆောင်းပါးကို ကြည့်ရှုမှုအကြိမ်ပေါင်း ၄၀၅,၉၈၀ ကြိမ်ရှိခဲ့သည်။
  • Thu 28 Dec 2017 - 10:54
    ၂၀၁၇ ကို အသက်ဝင်စေခဲ့သော သတင်းလူသားများစွာအနက် ဒေါ်အောင်ဆန်းစုကြည်က  ထုံးစံအတိုင်း ဦးဆောင်နေသည်။ သူ၏နောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရှိနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယနေရာတွင် ရှိနေသည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လှုပ်ခတ်ခဲ့သော နှစ်တစ်နှစ်ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်နှင့် လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည်လည်း သတင်းလူသားများဖြစ်ကြသည်။ အားကစားလောကတွင် အောင်လအန်ဆန်နှင့် အနုပညာလောက၌ မအေးသောင်းတို့က သတင်းလူသားများဖြစ်ခဲ့သည်။ ဆန်ခါတင်စာရင်းတွင်မူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူတို့ ပါဝင်ခဲ့သည်။ (သတင်းလူသားအဖြစ် ရွေးချယ်ရာတွင် အဆိုပါပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်ကောင်းခြင်း၊ ဆိုးခြင်း၊ သဘောတူခြင်း၊ မတူခြင်းများအပေါ် အခြေမခံဘဲ ၎င်းတို့၏လုပ်ရပ်များသည်  တစ်နှစ်တာပတ်လုံး သတင်းဖြစ်ခဲ့ပြီး  လွှမ်းမိုးမှုရှိခြင်းအပေါ် အခြေခံ၍ နယ်ပယ်စုံမှ ပညာရှင်များ၊ နိုင်ငံရေးလေ့လာသူများနှင့် 7Day News အယ်ဒီတာအဖွဲ့ဝင်များ၏ မဲပေးမှုဖြင့် ရွေးချယ်ခြင်းဖြစ်သည်။)
  • Wed 27 Dec 2017 - 15:34
    ၂၀၁၇ တွင် မြန်မာနိုင်ငံ၏ ထင် ရှားကျော်ကြားသူအများစု ကွယ် လွန်ခဲ့သည်။ ကွယ်လွန်သူများ သည် သာသနာတော်မှ ထေရ်ကြီး ဝါကြီးရဟန်းများ၊ နိုင်ငံရေးနယ် ပယ်တွင် ဩဇာရှိသူများနှင့် အနု ပညာနယ်ပယ်တွင်လည်း ခေတ်တစ်ခေတ်၌ ပရိသတ်ကို ဆွဲ ဆောင်နိုင်သူများ ပါဝင်ခဲ့ကြ သည်။
  • Wed 27 Dec 2017 - 15:26
    နိုင်ငံ ၃၀ ကျော် အတိုင်ပင်ခံ ကုမ္ပဏီအဖြစ် ရုံးခွဲဖွင့်လှစ်ဆောင် ရွက်နေသော ရိုလန်ဘာဂျာ ကုမ္ပဏီနှင့် UMFCCI တို့ ပူးပေါင်း ၍ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို ၂၀၁၇ ဩဂုတ်တွင် ကောက်ခံခဲ့သော စီးပွားရေးစစ်တမ်းတွင် အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် လုပ်ငန်းရှင် ၇၃ ရာခိုင်နှုန်းက ယုံကြည်မှုလျော့ကျလာသည်ဟု ဖြေဆိုကြောင်း ဖော်ပြ ထားသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆန်ပြည်ပတင်ပို့သည့်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်နေသော လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်း ဇင်က ၂၀၁၇ သည် ရုန်းကန်ခဲ့ ရသော နှစ်ဖြစ်ပြီး အဓိကဝင်ငွေ က ဆန်စက်လုပ်ငန်းတစ်ခုမှအပ ကျန်လုပ်ငန်းများ အမြတ်မရခဲ့ဟု ဆိုသည်။
  • Wed 27 Dec 2017 - 15:17
    ‘‘ဒီအမေရိကန် လူသတ်ပွဲကြီးဟာ ဒီနေ ရာ၊ ဒီအချိန်မှာ ရပ်တန့်သွားပါပြီ’’  (ဇန်နဝါရီ ၂၀ ရက်က ၎င်း၏ အဖွင့် မိန့်ခွန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ပြောကြားသောစကား)
  • Wed 27 Dec 2017 - 15:16
    ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင် ရေး ကြိုးပမ်းကြရန် ဒေါ်အောင်ဆန်းစုကြည်က နှစ် ဆန်းပိုင်းကပင် မေတ္တာရပ်ခံထားသည်။ သို့သော် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်ခုကို ပထမဆုံးအကြိမ် ချုပ်ဆို နိုင်ခြင်းမှအပ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ရပ်တန့်နေကြောင်း သုံး သပ်မှုများလည်း ရှိသည်။
  • Wed 27 Dec 2017 - 15:12
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာနိုင်ငံခရီးစဉ် ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ်စာရင်းဝင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာတွင် လာရောက်ပြီး ရိုမန်ကက်သလစ်အသင်းတော်၏ ၂၆၆ပါးမြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံး သမိုင်းဝင်ခရီးစဉ်လည်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သမ္မတဦးထင် ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံတကာသံတမန်များအား မိန့်ခွန်းပြောကြားခဲ့သလို ရန်ကုန်မြို့၌လည်း လူထုမစ္ဆား တရားပွဲပြုလုပ်ခဲ့သည်။
  • Wed 27 Dec 2017 - 14:59
    အရပ်သားအစိုးရတာဝန် ယူခဲ့သည့် ဒုတိယမြောက်နှစ် ၂၀၁၇ တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန် ရန် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ဒီချုပ်အစိုးရအဖွဲ့က မျှော်လင့်ကြိုးပမ်းခဲ့သော်လည်း ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် မှန်းချက်နှင့်လွဲချော်ခဲ့သည်။ ၂၀၁၇ နှစ်ဝက်ကျိုးပြီးချိန်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် အရပ်သားအစိုးရတစ်ဖွဲ့လုံး၏ အာရုံသည် အခြား ဦးစားပေးလုပ်ငန်းများထက် ရခိုင်အရေးကိုရှေ့တန်းတင်လုံးပန်းခဲ့ရပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးကအစဉ်တစိုက် အားပေးထောက်ခံခဲ့သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏နိုင်ငံရေးသမားဘ၀တစ်လျှောက် ပြည်ပနိုင်ငံများ၏ ပြင်းပြင်းထန်ထန် ဖိအားပေးဝေ ဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတကာ၏ဖိအားပေးမှုက ၂၀၁၇ တွင် မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့ခြင်းလည်းဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အမေရိကန်၊ ဗြိတိန် အပါအ၀င် အနောက်နိုင်ငံများက အစိုးရနှင့်တပ်မတော်အပေါ် ဝေဖန်ပြစ်တင်မှုများရှိခဲ့ပြီး အရေးယူပိတ်ဆို့ရန်အထိ ဖိအားပေးခဲ့သည်။ထို့ကြောင့် နိုင်ငံ့စီးပွားရေးနှင့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလည်း ထိခိုက်စေခဲ့သည်။
  • Wed 27 Dec 2017 - 14:54
    ဇန်နဝါရီ ၁ ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း စတင်ကျင်းပသည်။ ၁၀ ရက်- ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို ခန့်အပ်တာဝန်ပေးသည်။ ၁၆ ရက်- YBS ဘတ်စ်ကားစနစ်သစ် စတင်ပြေးဆွဲသည်။ ၂၂ ရက်- ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး လူထုလှုပ် ရှားမှုကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။ ၂၇ ရက်- အစိုးရ၏ ငြိမ်းချမ်းမှု ခုနစ်ရပ် အကောင်အထည်ဖော်ရာတွင် အပြုသဘောပူးပေါင်းပါဝင်မည်ဟု UNFC က သဘောထားကြေညာချက် ထုတ်ပြန်သည်။ ၂၉ ရက်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံမှုကြောင့် နေရာ၌ပင် ကွယ်လွန်သည်။
  • Wed 27 Dec 2017 - 14:48
    (၁) ဗိုလ်ချုပ်ချင်း ပြိုင်ခဲ့ရသည့် တောင်ဥက္ကလာပက ပန်းခြံ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု များ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီး သီးတွင် စိုက်ထူဖွင့်လှစ်နေသည့် အချိန်တွင် ရန်ကုန် တောင်ဥက္ကလာပ သုမင်္ဂလာပန်းခြံက တော့ အများထက်ပိုကာ ဗိုလ်ချုပ်ကို ချစ်ပြခဲ့သည်။ ပန်းခြံထဲတွင် ဗိုလ်ချုပ်ရုပ်တုနှစ်ခု အပြိုင်ထား ခဲ့ခြင်းကြောင့်ပင်။ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်တည်ဆောက်သော ဗိုလ် ချုပ်ကြေးရုပ်နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦး ဆောင်တည်ဆောက်သော ဗိုလ် ချုပ်ကြေးရုပ် စုစုပေါင်း ဗိုလ်ချုပ် ကြေးရုပ်နှစ်ရုပ်ဖြင့် ထိုပန်းခြံက အခြားပန်းခြံများထက် တစ်မူ ထူးခြားခဲ့သည်။ စင်ပြိုင်ကြေးရုပ် နှစ်ခုတည်ဆောက်မှုသည် ပြီးခဲ့ သည့် ၂၀၁၆ အတွင်းကတည်းက စတင်ခဲ့ပြီး အဖွဲ့နှစ်ဖွဲ့သည် ယှဉ် ပြိုင်မှုများနှင့် ပဋိပက္ခများရှိခဲ့သည် ဟုဆိုသည်။ ထိုစဉ်က မြို့တော် ဝန် ဦးမောင်မောင်စိုးက နှစ်ဖွဲ့စလုံး နှင့် စုံညီအစည်းအဝေးပြုလုပ်ပြီး မျှတအောင် ကြေးရုပ်နှစ်ခုစလုံး ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကာ သုမင်္ဂလာပန်းခြံအတွင်း အတူတူစိုက် ထူရန် ၂၀၁၇ မေလကုန်က ဆုံးဖြတ်ပေးခဲ့သည်။ ထို့အတွက် ဗိုလ်ချုပ်ရုပ်တုနှစ်ခုသည် သုမင်္ဂလာပန်းခြံအတွင်း ခြေလှမ်းငါးဆယ်ခန့်အကွာတွင် တည်ရှိနေ သည်။ သို့သော် ဗိုလ်ချုပ်ချင်းတူ ပေသိ ပုံသဏ္ဌာန်ချင်းတော့မတူ။ တစ်ဖွဲ့၏ဗိုလ်ချုပ်ကြေးရုပ်က ဗိုလ် ချုပ်ပန်းခြံထဲက ကြေးရုပ်တုအ တိုင်းဖြစ်ပြီး ကျန်တစ်ဖွဲ့၏ ဗိုလ်ချုပ်ကြေးရုပ်ကတော့ အောင် ဆန်း- အက်တလီ စာချုပ်ချုပ်စဉ် က ဝတ်ဆင်ခဲ့သည့် ကုတ်အင်္ကျီ ထဲ လက်နှိုက်ပြီး မတ်မတ်ရပ်နေ သည့်ပုံ ထုလုပ်ထားခြင်းဖြစ်သည်။
  • Wed 27 Dec 2017 - 14:46
    ဇန်နဝါရီ-၁ ပေါ်တူဂီနိုင်ငံသား နိုင်ငံရေးသမား၊ သံတမန်အန်တို နီယိုဂူ တာရက်စ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာသည်။
  • Wed 27 Dec 2017 - 14:44
    ၂၀၁၇ကုန်ဆုံးရန် နီးကပ်လာနေစဉ် ကမ္ဘာတစ်ဝန်း အဖြစ်အပျက်များကိုလည်း ပြန် ကြည့်သောအခါ ယခင်နှစ်များ ကဲ့သို့ပင် စိတ်ဝင်စားစရာများ မြင် တွေ့ရသည်။
  • Wed 27 Dec 2017 - 14:41
    လူချင်းကူးစက်နိုင်ပြီး လေမှတစ်ဆင့်ကူးနိုင်သော H1N1 (ကူးစက်မြန်ရာသီတုပ်ကွေး)ရောဂါ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေကြောင်းဇူလိုင်လကုန်ပိုင်းက သတင်းထွက်ပေါ်ခဲ့ရာ လူအများအပြား ထိတ်လန့်ကုန်သည်။
  • Wed 27 Dec 2017 - 14:37
    ယခုနှစ်အတွင်း ပြည်တွင်းအလှအပနှင့် ဖက်ရှင်လောကတွင် Be-auty Blogger များက  လွှမ်းမိုးခဲ့ပြီး လူမှုကွန်ရက်တွင် နာမည်ကျော် Blogger အချို့၏ ဖက်ရှင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်ပတွင် လိုက်ပါသုံးစွဲဆင်ယင်မှုများခဲ့သည်။

Pages

Subscribe to ၂၀၁၇ လည်ပြန်